First Step

2K 146 0
                                    

"For You"

#Oneshot_Xiuhun (Part-1)

ခွပ်!!!!!!

Suho*အမယ်လေး သေပါပြီ ရှင် ရှင် သားလေးကို ဘယ်လိုလုပ်လိုက်တာလဲ။

Kris*ဘာကို ဘယ်လိုလုပ်ရမှာလဲ မင်းရဲ့သားကို ငါထိုးလိုက်တာလေ မင်းမမြင်ဘူးလား။

Suho*အဲ့ဒါ ရှင် မွေးထားတဲ့ သားနော် အဲ့လောက်လုပ်စရာလိုလို့လား။

Kris*လိုတယ် ငါလေ မင်းရဲ့မိဘ ဖြစ်ရတာ ကြာတော့ ရှက်လာပြီ။အဖေ အမေက စီးပွားရှာပြီး မတောင့်မတ မကြောင့်မကျ ထားတာကို မင်းက ငါတို့နောက်ကွယ်မှာ ဆိုးသွမ်းနေတာ။အခု အရှေ့မှာတင် ပေါ်တင် ဆိုးသွမ်းနေပြီ။ငါတို့မိဘတွေကို ရဲစခန်းမှာ တဖက်ကလူကျေနပ်အောင် တောင်းပန်ခိုင်းတာ မင်းသိပ်ပျော်နေတယ်ပေါ့။

Hun*မပျော်ပါဘူး။

Kris*ဘာကွ။

Hun*ဟုတ်တယ် အမှန်ဆို အဖေတို့ တောင်းပန်စရာတောင်မလိုဘူး အဲ့အကောင်က ကျွန်တော့်ကို အရင်ရန်လာစတာ။ဒါကြောင့် မှတ်လောက်သားလောက်အောင် ပညာပေးလိုက်တာ။

Kris*အော် အေးအေး ငါ့သားလေး သိပ်တော်တယ်လို့ မင်းကိုငါ ပြောရဦးမှာလား။

Suho*ရှင်ကလဲ ကလေးကို ဘာပြောပြော ငါ့သားလေး မခံလာရတာပဲ တော်သေးတယ်။ဒီလောက်ချောမောလှပတဲ့ငါ့သားလေး မျက်နှာမှာ ဒဏ်ရာတစ်ခုခု ရရင် အမေ ရင်ကျိုးမှာ။

Hun*အမေကလည်း ဒါတော့စိတ်မပူနဲ့ အမေ့သား Hun ပါဗျ သူ့လောက်တော့ အေးဆေးလေးပဲ။

Kris*တိတ်စမ်း!!!!!!မင်း ကလေးကို မြောက်ပေးနေလို့ ဒီကောင်ဆိုးသွမ်းနေတာ။ဒီတစ်ခါ မင်းအပြစ်က တော်တော်ကြီးတယ်နော်။အဲ့တော့ ငါ့စီစဉ်မှုကို မင်းတို့သားအမိ နှစ်ယောက်လုံး လက်ခံရမယ်။ဘာမှ အတွန့်တက်ဖို့ မစဉ်းစားနဲ့။ဒါပဲ။

***************For You**************

ရှင်!!!!!!!!

Xiumin*အဖေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။သမီးလက်မခံနိုင်ဘူးနော်။

Chanyeol*ဘာလို့လဲ သမီးရယ် သူဌေးက အဖေတို့အပေါ် ဘယ်လောက်ကောင်းခဲ့လဲ သမီးလည်း အသိပဲကို။အခုဟာကလည်း သမီးလည်း ကောင်းစားမယ့် အရေးမို့လို့ အဖေ သဘောတူလက်ခံလိုက်တာပါ။

FOR YOUWhere stories live. Discover now