<Unicode>
နှစ်ယောက်အိပ်ကုတင်ကျယ်ကြီးပေါ်မှာအိပ်ပျော်နေတဲ့လူနှစ်ယောက် အချင်းချင်းပူးကပ်ကြလို့ပေါ့။နေရောင်ရဲ့လှုံ့ဆော်မှုကြောင့် ထိုကုတင်ပေါ်ကကောင်လေးကလှုပ်လှုပ်ရွရွဖြစ်လာတယ်။ပြီးတော့သူသတိထားမိတာက ခါတိုင်းလိုဘေးမှာအေးစက်စက်အိပ်ရာအထိတွေ့မဟုတ်ပါပဲ နွေးထွေးတဲ့ကိုယ်တစ်ခု။သူ့မျက်လုံးတွေမပွင့်သေးပါပဲ နှုတ်ခမ်းကပြုံးရောင်သန်းနေလေရဲ့။ပြီးတော့သူ့ဘေးကကိုယ်လေးကိုဆွဲဖက်လိုက်ပြီး ဂုတ်ပိုးလေးကိုနမ်းရှိုက်လိုက်တယ်။သူကဒီလိုလေးအမြဲ နိုးထချင်ခဲ့တာ ခန့်ကအမြဲအစောကြီးထသွားတယ် ဘယ်တော့မှသူ့အနားမှာနောက်ကျတဲ့ထိမအိပ်ဘူးလေ။အခုတော့မိပြီ သူဟာဘေးနားကကိုယ်လေးကိုလွတ်ထွက်မတက်ဖက်ထားလိုက်တယ်။ဒီနေ့မှခန့်ရဲ့ကိုယ်သင်းနံကဘယ်လိုလုပ်မိန်းမသုံးရေမွှေးနံ့လိုမျိုးကြီးမွှန်ထူနေတာပါလိမ့်။
"အာ...ကိုဟိန်းရာ ငြိမ်ငြိမ်လေးနေပေးလေကွာ ဒီမှာရွှေစင်အိပ်ရေးမဝသေးဘူးလို့.."
ဟိန်းမာန်တစ်ယောက်သူ့ဘေးကချွဲပြစ်ပြစ်အသံကြောင့်လန့်ပြီးနိုးထလာခဲ့တယ်။ဘေးနားကလူကိုကြည့်မိတော့ ခန့်မဟုတ်ပဲရွှေစင်ဖြစ်နေတယ်။ဘာလဲ ဒါဆိုသူညကဒီမှာအိပ်ပျော်သွားခဲ့တာလား။*ကျစ်* တစ်ချက်စုပ်သတ်လိုက်ရင်းသူအိပ်ရာကထပြီးရေချိုးခန်းထဲဝင်လာလိုက်တယ်။သူမနေ့ကရွှေစင့်မွေးနေ့ပွဲရှိလို့သောက်ရင်းစားရင်း အမူးလွန်သွားပြီးရွှေစင်နဲ့အတူအိပ်ဖြစ်သွားတယ်ထင်ရဲ့။ဟူး...အိမ်ထောင်သက်တစ်လျှောက်လုံးမှာ အခုလိုအပြင်မှာအိပ်တာဒါပထမဆုံးပဲ။သူဘယ်လောက်မိန်းကလေးတွေနဲ့အပြင်မှာအိပ်အိပ် ကိစ္စပြီးရင်အမြဲအိမ်ပြန်တယ် ဘာလို့ဆိုသူ့ကိုအိပ်ရာပေါ်မှာအိပ်ချင်ယောင်ဆောင်ပြီးအမြဲစောင့်နေတဲ့သူရှိလို့လေ။သူဆိုလို့ မနေ့က ခန့်နဲ့သူရဲ့ တစ်နှစ်ပြည့် Anni ။
"Shit.."
သေစမ်း ဟိန်းမာန်ရာမနေ့ကသေချာပေါက်စောစောပြန်ခဲ့မယ်လို့ပြောခဲ့တာကို။ဟိန်းမာန်အမြန်ရေချိုးသန့်စင်ပြီးရေချိုးခန်းထဲကထွက်လာလိုက်တယ်။
YOU ARE READING
မဆုံချင်တော့ဘူး...မောင် ( မဆံုခ်င္ေတာ့ဘူး...ေမာင္)