<Unicode>
နှစ်ယောက်ထဲနေတဲ့တိတ်ဆိတ်တဲ့တိုက်ခန်းလေးရဲ့ တံခါးဖွင့်သံကိုကြားနေရတယ်။ကြည့်ရတာမောင်အိမ်ပြန်လာပြီထင်ပါရဲ့။ကုတင်ဘေးကခုံပုလေးဆီအကြည့်အရောက် မနက် (2) နာရီဆိုတဲ့အချိန်ကိုနာရီကညွှန်ပြနေပြီဖြစ်သည်။လူကသာအိပ်ရာပေါ်ရောက်နေတာအခုချိန်ထိ ခန့် တစ်ရေးမှမအိပ်ရသေးပေ။မောင့်ကိုစောင့်နေခြင်းဖြစ်သည်။ဘေးဘက်ကအိပ်ရာတစ်ဖက်ပိကျသွား၍ မောင်အိပ်ရာပေါ်ရောက်လာပြီဆိုတာလှည့်မကြည့်လည်းသိလိုက်သည်။ထိုသူကမောင်ဆိုတာ အတပ်သိရခြင်းအကြောင်းက အရက်နံ့တစ်ဟောင်းဟောင်းနဲ့မိန်းမရေမွှေးသုံးရနံ့တွေမွှန်ထူနေခြင်းကြောင့်ပင်ဖြစ်သည်။သေချာပါတယ် ဒီနေ့လည်းမောင်ဟာကလပ်တက်ပြီးမိန်းမကိစ္စရှုပ်လာပြန်ပါပြီ။ဒါဟာအိမ်ထောင်သက်တစ်နှစ်အတွင်း နှစ်ဝက်လောက်မှာစတင်ပြီးဖြစ်ပေါ်လာတဲ့မောင့်အကျင့်။ဟော်...လက်တစ်ဖက်က ခန့်ရဲ့ခါးကိုအနောက်ကနေသိုင်းဖတ်လာပါလေရဲ့ ဒါဟာလည်းမောင်ပြန်လာတိုင်းလုပ်နေကျအကျင့်တစ်ခုဘယ်မိန်းကလေးနဲ့မှားနေပြန်ပြီလဲမောင်ရယ်။အလွန်စူးဝါးတဲ့အနံရနေပေမဲ့မောင့်ဆီကမို့အပြစ်မတင်စွာ အတင်းကြိတ်မှိတ်ပြီးအိပ်စက်လိုက်သည်။
မနက်ရောက်တော့ထုံးစံအတိုင်း ခန့်ပင်အရင်နိုးလာခဲ့သည်။မောင့်အတွက်ပေါင်မုန့်ကြက်ဥကြော်ကိုပင်အဆင်သန့်လုပ်ပေးလိုက်သည်။ဒီနေ့တော့ကော်ဖီအစား သံပျာရည်လေးဖျော်ပေးခဲ့လိုက်သည်။ညကသောက်ထားတာမို့မောင်နိုးလာရင်ခေါင်းကြည်ဖို့အတွက်ပါ။ပြီးတာနဲ့ ခန့်လည်းအလုပ်သွားဖို့ပြင်ဆင်ရတော့သည်။မသွားခင်ကုတင်ထက်ကမောင့်ဆီအရင်သွားပြီးနဖူးလေးကိုမြတ်နိုးစွာသာသာလေးနမ်းရိုွက်လိုက်သည်။အတင်းဖိနမ်းရင်မောင်နိုးလာပြီးအိပ်ရေးပျက်မှာစိုးလို့။ပါးစပ်ကလည်း အာဂုံဆောင်ထားသလိုစကားတစ်ခွန်းကိုရေရွတ်လျက်ပေါ့။
"ချစ်တယ်မောင်...အမြဲတမ်းအတွက်ပေါ့"
မောင့်ရဲ့အင်္ကျီကြယ်သီးတွေဖွင့်ဟထားတဲ့ရင်ဘက်ကအနမ်းအမှတ်သားတစ်ချို့နဲ့ ကော်လံပေါ်ကနှုတ်ခမ်းနီရာတို့ကိုမျက်ကွယ်ပြု၍အလုပ်သို့သွားရန်သာ ခန့်ထွက်လာလိုက်သည်။
BINABASA MO ANG
မဆုံချင်တော့ဘူး...မောင် ( မဆံုခ်င္ေတာ့ဘူး...ေမာင္)