My LOARD (U)

643 72 2
                                    

"စာတွေရနေပြီလား.. စာမေးပွဲနီးပြီ"

"အစ်ကိုစာရပြီဆိုရင် ကျွန်တော်လည်းရပြီလို့မှတ်လိုက်"

"ဟမ်..ဘာလို့"

သူ့ခေါက်ဆွဲပန်းကန်ကိုယူပြီးနယ်ဖွပေးနေတဲ့ ကောင်လေး
ကိုမေးထောက်ငေးနေတဲ့ရှောင်းကျန့်။ အိမ်နေခိုးခိုးထွက်
လာပြီး ရပ်ကွက်ငယ်လေးထဲကခေါက်ဆွဲဆိုင်ဆီ
လမ်းလျှောက်လာနေရတာ တစ်လပြည့်ခဲ့ပြီ။
ခေါက်ဆွဲစားရင်ဗိုက်အောင့်တတ်လို့် အပြတ်ငြင်းခဲ့တဲ့
လေးရှန်ရဲ့လက်ရာကောင်းကောင်းခေါက်ဆွဲပွဲတွေကို
တော့လျစ်လျူရှုလိုက်တယ်။

"စာကျက်ချိန်ကောရှိလား ရှောင်းကျန့်ဗျ"

"အိုးဟိုးဟိုး...စာတွေလား..ရတာမှရရရရနဲ့"

"လေကျယ်ပြန်ပြီ ရော့စားတော့..."

"ဒီနေ့ ကိုကိုလို့မခေါ်ရသေးဘူး"

ကောင်လေးကနှုတ်ခမ်းစွန်းတွေကော့တက်သွားတဲ့အထိ
တစ်ဖက်တည်းကိုရွဲ့ပြတယ်။ ဒုတိယအကြိမ်ရှောင်းကျန့်
ရဲ့တမင်တကာဖန်တီးတွေ့ဆုံစေခြင်းကနေ ကောင်လေး
ကသူ့နာမည်ကိုကြေညာသွားခဲ့တယ်။ ဒေါက်ထောက်ထား
တဲ့စက်ဘီးနောက်ခုံမှာ နောက်ပြန်ခွထိုင်ထားပြီး သြရှရှ
လေသံနဲ့ 'ဝမ်ရိပေါ်' တဲ့။

အဲ့နေ့ကစပြီး သူ့ရဲ့ဘုရင်တစ်ပါးအဖြစ် ရှောင်းကျန့်က
ခွင့်ပြုချက်မယူဘဲနာမ်စားတစ်ခုကို ကင်ပွန်းတပ်ခဲ့တာ...

'ချစ်သော ဝမ်' ။

_____

မြို့ကျောင်းကနေ ဝမ် နေတဲ့ရပ်ကွက်ထဲကကျောင်းဆီ
ပြောင်းတက်နေတဲ့ ရှောင်းကျန့်ကအစိုးရအထက်တန်း
စာမေးပွဲသုံးကြိမ်ရှုံးပြီးကတည်းက ကျောင်းဆက်မတက်
တော့ဘူး။ အခုဆို ဝမ္က အစိုးရအထက်တန်းစာမေးပွဲ
ဖြေရဖို့နီးလာပြီ။ ဇန္နဝါရီလဆို အအေးဓာတ်လွန်ကဲလို့
့နှစ်စဉ်ကျောင်းတစ်လပိတ်ပေးတယ်။ ကျောင်းပိတ်ရက်
တွေမှာ ဝမ် နဲ့ရှောင်းကျန့်ကနေ့တိုင်းလိုလိုဆုံဖြစ်ကြတယ်။
ချုံချင်းရဲ့ချမ်းချမ်းစီးစီးဆောင်းမနက်ခင်းတွေမှာဆိို
စက်ဘီးတစ်စီးပေါ်မှာရယ်မောသံတွေလွှမ်းနေတတ်
တာမျိုး။

𝐿 𝑂 𝐶 𝐾 𝐸 𝐷Where stories live. Discover now