LOCKED 'Wang' (U)

1K 71 7
                                    

"ကိုကို I'm home"

"နည်းနည်းလောက် ပေးနမ်း"

ဝမ့်အလုပ်တွေကြောင့်ပေကျင်းမှာပြောင်းနေဖြစ်တယ်။
ဝမ္က ပရိသတ်အင်အားများများကိုပိုင်ဆိုင်တဲ့ ကြယ်ပွင့်
တစ်ယောက်ဖြစ်လာပေမယ့် ဝမ့်တစ်နေ့တာအချိန်ဇယား
တွေဟာကြပ်လွန်းတယ်။ ဝမ့်ကိုယ်သင်းရန့ံလေးကို
တောင်အိပ်ရာဝင်မှရူးရူးမူးမူးပွေ့ဖက်နမ်းရှိုက်ရတာ။

"ကိုကို ဘာစားပြီးပြီလဲ"

ရှောင်းကျန့်က ဝမ့်လည်ဂုတ်ပေါ်လက်တွေတွယ်ယှက်
လို့ ပုခုံးဆီအနမ်းခြွေရင်း။ ဝမ် ဒီအတောအတွင်း
မျက်နှာလေးပိုချောင်သွားတာ သပ်သိသာတယ်။

"ပင်ပန်းနေပြီလား ဝမ်"

"မပင်ပန်းပါဘူး၊ ကိုယ့်အိပ်မက်ကိုလျှောက်လှမ်း
နေတာပဲလေ ၊ ဒီလောက်တော့ပေးဆပ်ရ
မှာပေါ့၊ ပြီးတော့ချစ်ရတဲ့လူသားလေးက အိမ်
မှာကြိုဆိုပေးနေတာပဲကို၊ အခုအမောပြေသွားပြီ"

"အရမ်းပင်ပန်းလာရင် လွှတ်ချလိုက်၊ ဝမ့်အနားမှာ
ဘယ်သူမှမရှိတော့ရင်တောင် ကိုကိုရှိတယ်၊ ကိုကို
ကဝမ်နဲ့အမြဲအတူတူရှိနေပေးမှာ"

"ယုံပါတယ်၊ ကိုကို့အနားမှာလည်း ကျွန်တော်ရှိနေမယ်"

"အရမ်းချစ်တယ်ဝမ်၊ ကိုကို့ကိုမင်းပိုင်တယ်"

ကိုးကွယ်ရာကိုမေးလာရင် ဝမ့်နာမည်ကိုဖြေမယ်။
ရှင်သန်ခြင်းရဲ့အကြောင်းပြချက်က ဝမ်ဖြစ်နေတဲ့
အခါ သူတစ်ဦးတည်းကိုသာ နတ်ဘုရားအဖြစ်
မှတ်ယူပါမယ်။

_____

နှစ်သစ်ကူးအားလပ်ရက်ဖြစ်တာကြောင့် ဝမ္က
နားရက်အနည်းငယ်ရထားတယ်တဲ့။ သူဆင်ပေး
ထားတဲ့အေပရွန်ပန်းရောင်ကိုစူပုပ်ပုပ်နဲ့ ဝတ်ပြီး
မီးဖိုခန်းမှာကွတ်ကီးဖုတ်ခြင်းနဲ့အလုပ်ရှုပ်နေတဲ့
ဝမ့်ကို အသဲတယားယားထိုင်ငေးနေလိုက်တယ်။
ခေါင်းကုတ်လိုက်၊ လက်သည်းကိုက်လိုက်လုပ်
နေတဲ့ဝမ်က oven ထဲကထွက်မလာသေးတဲ့
ကွတ်ကီးဗန်းနဲ့ရန်ဖြစ်နေတယ်။ ရှောင်းကျန့်ဆီမှာ
နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဝမ့်ကို surprise လုပ်ပေးစရာတွေအများကြီး။

𝐿 𝑂 𝐶 𝐾 𝐸 𝐷Where stories live. Discover now