အခန်း(၄)ချင်းလန်ဆေးရုံကဆင်းလာရပြီးနောက်
သူတို့နှစ်ဦးရဲ့ ခွဲခွာခြင်း(Unicode)
ထိုညကချင်းလန် ကိုဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးလိုက်ရသည်၊အရေးပေါ်တာဝန်ကျဆရာဝန်သည် လူနာကိုသယ်လာတဲ့ထိုလူရဲ့ မျက်နှာက ကြောက်မက်ဖွယ်ကောင်းစရာအတိဖြစ်နေခဲ့သည်ကို မေ့မရနိုင်။ တစ်ယောက်ယောက်ကထိုသူရဲ့မိသားစုကို သတ်သွားပြီး ၊သေမင်းက သူတို့ရဲ့ဝိညာဥ်တွေကို အလွှတ်မပေးထားသည့်ပုံစံအတိုင်းဖြစ်နေသည်။
ချင်းလန်က သေရင်သေပါစေ ဆေးရုံသွားရဖို့ကို တော့အမြဲငြင်းဆန်လေ့ရှိသည်ဖြစ်၍ ဆေးရုံမှာ ပထမဆုံး
စာရင်းသွင်းရ၍ ဆေးစစ်ချက်အဖြေကအချိန်အနည်းငယ်တော့စောင့်ရသည်။ဆေးစစ်ချက်ရလဒ်ထွက်လာပြီးနောက်၊ဆရာဝန်ကစစ်ဆေးကြည့်ရှုပြီးမနေနိုင်တော့၍မေးလိုက်သည်
"သူဘာအလုပ်လုပ်တာလဲ၊
သူ့အစာအိမ်အခြေနေက
အတော်လေးကိုဆိုးရွားနေတယ်"လီဖန်အမ်းထိုစကားကြားပြီးနောက်အလွန်စိုးရိမ်
သွားခဲ့သည်။" Bartenderပါ"
ဆရာဝန်ကခေါင်းအသာယမ်းလိုက်ပြီး
" မဆန်းတော့ပါဘူး"
"ဒေါက်တာ၊သူဘယ်လိုနေလဲ၊အခြေနေအတော်
ဆိုးလား ""အခြေနေကတော့တော်တော်လေးကိုဆိုးရွားနေတယ်၊
ဒီကြားထဲအစာအိမ်ကဖြစ်တဲ့ဒဏ်တွေကိုသူဘယ်လို
မျိုးကြိတ်မှိတ်သည်းခံနေခဲ့လည်းမသိ""ခုချက်ချင်းအရေးပေါ်ခွဲစိတ်ကုသမှုခံယူမှကိုအဆင်ပြေမယ်၊မင်းကသူရဲ့မိသားစုဝင်ဆိုတော့ ကုန်ကျစရိတ်ကိုပြင်ဆင်ထားပေးပါ "
လီဖန်အမ်းမသိလိုက်ပါဘဲလက်သီးကျစ်ကျစ်
ဆုပ်မိသွားပြီး ၊သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်
သည်။လီဖန်အမ်း ချင်းလန်ကိုဆေးရုံမှာဒီအတိုင်းမထားခဲ့နိုင်
သို့ပေမယ့် သူထွက်လာခဲ့တုန်းက သူနဲ့အတူ
ဘာပစ္စည်းမှယူမလာမိ။ သူနဲ့အတော်လေးခင်တဲ့
ခေါ်စရာကျောင်းကသူငယ်ချင်းတွေရှိပေမယ့် သူတို့
တွေလည်းကျောင်းသားတွေဘဲဖြစ်၍ ငွေအများ
ကြီးမတက်နိုင်ကြ။ တွေးကြည့်ပြီးအဆုံးမှာတော့
မုန့်ချွမ်းကိုဘဲဆက်သွယ်လိုက် တော့သည်။
YOU ARE READING
Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completed
RomanceTitle-《老妖精》 Old Fairy Original Author-Mào Hoù Total Chapters- 10 Type-Web novel Gener-Drama ,Mature, Romance ,Yaoi