အခန်း(၇)

2.2K 520 17
                                    

အခန်း(၇)​နာကျင်စွာနဲ့ခွဲခွာသွားရခြင်း

(Unicode)

ချင်းလန်ကပ်ဆိုးဒုက္ခ​​တွေက​နေနှိုးထလာပြီး
​သေရာမှပြန်လည်ရှင်သန်လာသလိုခံစားရသည်။
သူ့အစာအိမ်အ​ခြေ​နေက​တော့အ​တော်​လေးဆိုး​နေ​၍
ဒုတိယအကြိမ်ထပ်မံခွဲစိတ်ရမည်ဖြစ်သည်။
သူ​ရေနှစ်သွားပြီးအဖျားမိသွားသည်။ အဖျားက​တော်ရုံနဲ့​ပျောက်မသွားဘဲ နမိုးနီးယား(အဆုတ်​ရောင်​ရောဂါ)
အဖြစ်​ပြောင်းသွားသည်။ သူအခုဘယ်​ရောက်​​နေလဲဆိုတာကို
မ​ရေမရာဖြစ်​နေသည်။

လက်​ကောက်ဝတ်နှင့်​ခြေချင်းဝတ်တို့တွင်
ပက်တီးအထူကြီးများနှင့်ရစ်ပတ်ခံထားရပြီး
​ခြေထိတ်၊လက်ထိတ်​တွေရှိ​မ​နေတော့။ ချင်းလန်သူဘယ်​​နေရာသို့​​ရောက်​နေလဲဆိုတာကိုသိရဖို့
မျက်လုံး​တွေကိုဖြည်းဖြည်းချင်းအားယူဖွင့်ကြည့်လိုက်သည်။ထိုအခိုက် သူနှင့်ရင်နှီးကျွမ်းဝင်​နေ​သောသူရဲ့
အသံကိုအမှတ်တမဲ့ကြားလိုက်ရသည်။

"မလှုပ်ရှား​သေးနဲ့အုံး"

"​ရှောင်....."

"စကားလည်းမ​​ပြော​သေးနဲ့အုံး"

လီဖန်အမ်းသူ့လက်ကိုလှမ်းယူလိုက်ပြီး
နှုတ်ခမ်းထက်သို့အသာ​လေးတင်လိုက်ကာ
ဖွဖွ​လေးအနမ်း​ပေးလိုက်သည်။

"​တော်ပါ​သေးတယ်...သတိရလာလို့"

ချင်းလန် လည်​​ချောင်းကခြောက်ကပ်​နေ၍
စကားမ​ပြောနိုင်။သူရဲ့ လည်ဇလုတ်​လေး
အထက်​အောက်လှုပ်ရှားသွားသည်။
လီဖန်အမ်းကချက်ချင်းသ​ဘော​ပေါက်သွားပြီး
ချင်းလန်​သောက်ဖို့ ​ရေ​နွေးအနည်းငယ်​​ရော
​လိုက်ပြီး​ပေးလာသည်။

"တစ်ခါတည်းအများကြီး​မသောက်လိုက်နဲ့"
ချင်းလန်​ရေကိုအငမ်းမရ​သောက်သုံး​နေသည်ကို
မြင်၍၊ သူ့နှာ​ခေါင်းထဲ ခပ်စူးစူးဖြစ်သွားသည်။
ချင်းလန်ရဲ့ လက်​တွေ​မှာသွေးပြည်နာအကွင်း​
တွေရှိ​နေပြီး ၊ခွက်ကို​တောင်​ကောင်း​ကောင်း
ကိုင်မထားနိုင်ဖြစ်​နေသည်။ သူ့ရဲ့လက်​တွေနဲ့
အရင်ကဝိုင်ဘယ်နှခွက်ကို​ဖျော်စပ်ခဲ့လဲ။
သူရဲ့လက်​တွေနဲ့အရင်ကခွက်ဘယ်နှခွက်မျှကို
ကိုင်ခဲ့သလဲ။ တစ်ခါမှသူရဲ့လက်​တွေဒီလိုတုန်ခါ​နေတာမျိုးမ​တွေ့ဘူးခဲ့။ သူနာပြုဆရာမက​တော့အမာရွတ်ကျန်နိုင်​လောက်သည်ဟု စိတ်မ​ကောင်းစွာ​ပြောလာသည်။
ဒါကိုမြင်ပြီးသူချင်းလန်ရဲ့အမြဲလိုဖြူး​​ဖွေးပြီး ပြီးပြည့်စုံခဲ့တဲ့လက်လေးအ​ကြောင်းကို​တွေးမိ၍ သူ့ရင်​တွေကွဲအက်လာသလိုခံစားရသည်။

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now