အပိုင်း ၁

1K 14 0
                                    

(ကတိစကား)

- ကျွန်တော်ရင်ခုန်မိသော ဦး -

ကျွန်တော်နဲ့ဦးက လိုင်းပေါ်ကနေစသိကြတာ
ဦးကစာရေးဆရာတယောက် ဒါကသူ့ရဲ့ယာယီအလုပ်တခုပေါ့

ကျွန်တော်လိုင်းပေါ်မှာလျှောက်ကြည့်နေရင်း fic လေးတခုတွေ့တယ် "မူပိုင်"တဲ့ နာမည်လေးကိုက
တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့တွေးမိပေမဲ့ ကျွန်တော်နှစ်သက်မိတယ်၊ ဒါကဦးကိုကျွန်တော်ဘယ်လိုစသိခဲ့လဲဆိုတာပါ

ကျွန်တော် ဦးကိုစပြီး 'Hi' ခဲ့တယ် Friend Request
လက်ခံပေးဖို့ပေါ့ အပ်ထားတာကြာနေပေမဲ့ သူမတွေ့လို့လက်မခံတာထင်ပြီး ပြီးတော့ ကျွန်တော်တို့မထင်မှတ်ပဲ စကားအများကြီးပြောဖြစ်ခဲ့ကြတယ် ဘယ်သူထင်မှာလဲ ဒီနေ့မှစ စကားပြောမိတဲ့ ဦးကို ကျွန်တော်စွဲလမ်းသွားလိမ့်မယ်လို့ ဦးကြောင့်ကျွန်တော့်ရင်ဘက်တခုလုံးဗြောင်းဆန်ခဲ့မယ်လို့ ရင်ခုန်မိတယ်လို့ပြောရမလား.. ချစ်မိတယ်လို့ပြောရမလား ကျွန်တော်လဲသေချာမပြောတတ်ပါဘူး

"သားအပ်ထားတာကြာပြီ လက်ခံပေးပါလားဟင်"

"ဟုတ်ကဲ့ ကလေး မသိလို့ပါခဗျ"

"ဘယ်လိုခေါ်ရမလဲ အဲ့ဘက်ကို😁"

"အော် အများကတော့ ဦးလို့ခေါ်တယ် ကလေးရဲ့"

"အသက်ဘယ်လောက်လဲဟင် သားက 16"

"ကို့အသက်က 30 ကျော်ပဲမှတ်ထားပေးနော် ကလေး"

တယောက်နဲ့တယောက် မိတ်ဆက်ကြတယ် ဒါပေမဲ့ ဦးကတော့ သူ့အကြောင်းကို မပြောပြဘူး ကျွန်တော် ဦးကိုမေးလိုက်တိုင်း ဦးပြန်ပြောတဲ့ စကားလေးတခွန်းက ကိုကလူကောင်းမဟုတ်ဘူးဆိုတာ ချာတိတ်အခိုင်အမာသိထားရင်ရပြီတဲ့ ကျွန်တော်ကပဲငယ်လို့လားမသိပါဘူး ဦးအဲ့လိုပြောတိုင်း မေးခွန်းပေါင်းများစွာနဲ့ကျန်ခဲ့ရတယ် ဒါပေမဲ့ ကျွန်တော်ဖိအားမပေးပါဘူး ကျွန်တော်နဲ့စကားပြောပေးနေရင်ကို ကျွန်တော်ကကျေနပ်နေတာမို့

"ကိုထမင်းသွားစားဦးမယ် ကလေး ပြီးမှပြန်တက်ခဲ့မယ်"

"ဟုတ် သားလဲသွားစားမလို့"

ကတိစကား (သို့) ကျွန်တော်ရင်ခုန်မိသော ဦးWhere stories live. Discover now