မုန်းလိုက်တာလို့ ပြောလိုက်ချင်ပေမယ့် စောက်အလိုက်ကန်းဆိုးမသိတယ့် နှလုံးသားက မင်းမုန်းမရပါဘူးတယ့်။
ကိုယ့်အချစ်ကို အပေါစားဆန်ဆန်လှောင်ပြောင်ခဲ့တယ့်လူကို အဘယ်ကြောင့် မမုန်းနိုင်ပါသနည်း။
ကိုယ်က ကျောခိုင်းခဲ့ပေမယ့် နှလုံးသားဟာအကြိမ်ကြိမ်နာကျင်နေခဲ့တယ်။
သူ့ကြင်နာပြမှုတွေ တအားသဘောကျတာပေါ့။
ဟန်ဆောင်မှုဆိုတောင် လိုချင်ခဲ့တာပေါ့။
သို့ပေမယ့် စကားတွေနဲ့ သူ့ကိုနာကျင်စေခဲ့တယ်။
သူလည်းနည်းနည်းတော့နာကျင်သင့်တယ်မလား။
ဟုတ်တာပေါ့ သူကိုယ်တိုင်ကျတော့်ကို စိမ်းကားအောင်လုပ်ခဲ့တာ။
သူတွန်းထုတ်မှုတွေကြောင့်ကျတော့်နှလုံးသားအကြိမ်ကြိမ်နာကျင်ခဲ့မှုတွေအတွက် သူလည်းနည်းနည်းပါးပါးတော့ နာကျင်သင့်တာပေါ့။
နှလုံးသားကို ဒုတိယအကြိမ် လစ်လျှူရှုထားလိုက်တော့တယ်။
ဘာလိုလိုနဲ့နေ့လည်တောင်ရောက်နေပြီပဲ။
သူဗိုက်ဆာနေလောက်ပြီ ကျစ် စိတ်ကပူပြန်ပြီ။
အဟက် အခုထိ ပတ်ခ်ဂျီမင်းတို့ အသိတရားမရသေးဘူး။
ဟူးးးး မနေနိုင်မထိုင်နိုင်ဖြစ်နေတာက သူ။
'ကင်ထယ်ယောင်းရာ စိတ်ရှုပ်စရာကောင်းလိုက်တာ!!! '
………………………………………………
တံခါးခေါက်မယ့်လက်အစုံဟာရပ်တန့်သွားခဲ့တယ်။ဒါပေါ့ ကျတော်ကသူ့အတွက်စိတ်ရှုပ်စရာကောင်းနေမာပေါ့။
ခဏတာ စိတ်ကိုငြိမ်အောင်ထားကာ
'မင်းနီး ထမင်းစားမယ်နော် ကိုယ်စောင့်နေတယ် '
'အွန်းးးးးး'
………………………………………………
သူလာခေါ်တယ့်အတွက် ပျော်ပေမယ့်လည်း မျက်ကွယ်ပြုထားရတယ်။နည်းနည်းကြည့်ကောင်းအောင်ပြင်လိုက်ပြီးနောက်
………………………………………………
'ဒါလေးကောင်းတယ် စားကြည့် '
YOU ARE READING
ʟᴏᴠᴇ ᴍᴇ ᴀɢᴀɪɴ
Fanfiction•ᴄᴏᴍᴘʟᴇᴛᴇᴅ•ᴜɴɪ×ᴢᴀᴡ• •ᴠᴍɪɴ-ᴛᴀᴇᴊɪ -ᴊᴀɴᴜᴀʀʏ 2 ᴛᴏ ᴊᴀɴᴜᴀʀʏ 17 -2021