တစ်ရှူးနှင့် နှင်းဆီပွင့် ခေါက်ခြင်း
~티슈로 장미 접기~Characters
Wang Yibo as ChenYu (ချန်ယွီ)
XiaoZhan as GuWei (ကုဝေ့)အပိုင်း (၁)
******
[Unicode]
"သောက်လိုက်ပါတော့လား ဒီတိုင်း..."
ပြောပြီး လက်ဖမိုးကို ဖြတ်ခနဲ လာရိုက်တဲ့ ဆရာဝန်လေးရဲ့ အေးစက်စက်မျက်နှာကို ချန်ယွီက မော့ကြည့်ရင်း ရယ်ကျဲကျဲ လုပ်ပြလိုက်သည်။ ရေခဲရေလိုမျိုး အေးစက်နေတဲ့ မျက်နှာနဲ့ကို ဆူပူနေတော့ ထပ်ငြင်းလို့ရမယ် မထင်တာကြောင့် ချန်ယွီ ပါးစပ်ပိတ်လိုက်သည်။ ဒီရက်ပိုင်း ချန်ယွီ စိတ်ဝင်စားနေရတဲ့ ဆရာဝန်လေး ပြောတဲ့စကားဆိုတော့လည်း..။ ဒီနေ့တော့ ချန်ယွီ့ မျက်လုံးတစ်ဖက် ယောင်နေတာကြောင့် မြင်ကွင်းက မထင်မရှားမို့ ဆရာဝန်လေးရဲ့ မျက်နှာကို တိတိကျကျ မမြင်ရပေ။
ကုဝေ့က ချန်ယွီ့အခြေအနေကို အကြမ်းဖျင်း စစ်ဆေးပြီးနောက် အရေးပေါ် ရောက်လာတဲ့ ကလေးငယ်လေးဆီကို ပြေးထွက်သွားသည်။ အလျင်အမြန်ပြေးသွားတဲ့ ကျောပြင်ကို ချန်ယွီ အထီးကျန်စွာဖြင့် ကြည့်လိုက်သည်။ သူ့အလုပ်က ချက်ချင်း ဆေးရုံဆင်း၊ အိမ်မှာ ပြန်နား၊ ပြီးရင် အလုပ်ပြန်တက်၊ ပတ်ချာလည် ရိုက်နေရမယ့် အလုပ်ဖြစ်သည်။ သူ့မှာ အချိန်မရှိပေ.. သူ့အလုပ်က အချိန်နဲ့တပြေးညီ လှုပ်ရှားနေရတာမို့ ချန်ယွီ ချက်ချင်းလက်ငင်းကို ဆေးရုံဆင်းချင်သည်။ ဒါပေမယ့်လည်း ကုဝေ့ရဲ့ အေးစက်စက်မျက်နှာကြောင့်သာ သူငြိမ်ငြိမ်လေး ကုတင်ပေါ်ပြန်လှဲလိုက်သည်။
လက်မောင်းမှာ ထိုးပေးထားတဲ့ ဆေးပုလင်းက ဆေးရည်ကျနှုန်းက အပျင်းရောဂါတက်နေတဲ့ ပက်ကျိနဲ့ တူတာကြောင့် ဆေးရည်အကျမြန်အောင်လို့ သူနာပြုဆရာမတွေ အလစ်မှာ ခိုးပြီး လှည့်လိုက်တာတောင် ကုဝေ့က မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ဒါလေး နှေးတာတောင် သည်းမခံနိုင်ရင် ကတ်ကြေးယူလာပေးမှာမို့ ညှပ်ပြီး ပုလင်းလိုက် မော့ချလိုက်ပါတော့လားတဲ့။

YOU ARE READING
Folding a Tissue Rose
Fanfiction"ဆရာ့မှာ ရည်းစားရှိလား" - ချန်ယွီ "အရေးပေါ်ခန်းမှာ အလုပ်လုပ်ရတဲ့ လူကို ဘယ်သူက ကြိုက်မှာတဲ့လဲ" - ကုဝေ့ "ဆရာ့မွာ ရည်းစားရှိလား" - ချန်ယွီ "အရေးပေါ်ခန်းမှာ အလုပ်လုပ်ရတဲ့ လူကို ဘယ်သူက ကြိုက်မှာတဲ့လဲ" - ကုဝေ့ A translated YiZhan story (KOR>BUR) Polic...