part (21) Zawgyi ♥️♥️

55 8 3
                                    

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰

အပိုင်း(၂၁)

ရဲစခန်းရှိ စစ်ဆေးမေးမြန်းခန်းထဲမှ ရှောင်ကျန့် တို့၏ အခြေအနေအား သိလာသည့် စုံထောက်ဝမ်ရိကျိုး တစ်ယောက် ဆူးခတ်အား ဆက်သွယ်ရန် ဆေးရုံသို့ သွားဖို့ ပြင်လိုက်သည်။ သို့သော်လည်း ၎င်းနောက်ကျသွားခဲ့ပြီ။ ၎င်းစစ်ဆေးခန်းထဲမှ ထွက်လာလိုက်သည်နှင့် လက်ထိပ်ခတ်ခံထားရသည့် ဆူးခတ်အား ခေါ်ဆောင်လာကြသည်ကို တွေ့လိုက်ရ၏ ။ ဆူးခတ် ရဲစခန်းထဲ ဝင်လာသည်ကို မြင်ကြသည်နှင့် ရဲစခန်းအတွင်းတိတ်ဆိတ်သွားပြီး သူမအား မသိမသာ လှမ်းကြည့်နေကြသည်။ အနေအထားက ရုတ်တရက် တိတ်ဆိတ်သွားသောကြောင့် စားပွဲပေါ်တွင် မျက်နှာမှောက်၍ အိပ်နေသော ဝမ်ရိပေါ် ခေါင်းထောင် ကြည့်လိုက်သည်။ လက်ထိပ်ခတ်ခံထားရသော ဆူးခတ်အား စခန်းအဝင်ဝမှ ဝင်လာသည်ကို မြင်နေရ၏ ။

               "ဆူးခတ်"

လေသံလေးဖြင့် ခေါ်မိပြီး အနီးနားထိသွားတွေ့ဖို့ ခြေလှမ်းပြင်လိုက်သည့် ဝမ်ရိပေါ်အား ၎င်းကို စောင့်ကြည့်နေသူက မသွားဖို့ တားလိုက်သည်။

               "ကျွန်တော်ကို ကယ်ဖို့ ကြိုးစားရင်း ဓားထိုးခံရတဲ့ လုပ်ဖော်ကိုင်ဖက်ကိုတောင်သွားတွေ့ လို့ မရဘူးလား"

ဆူးခတ် မျက်နှာ အနည်းငယ် သွေးရောင်ဖျော့နေပြီး လမ်းလျှောက်တာ နှေးကွေးနေသည်။ဝမ်းဗိုက်က ဒဏ်ရာကို အမြန်ဆုံး သက်သာစေရန် ဂရုစိုက်နေတာဖြစ်မည်။ ဝမ်ရိပေါ်၏ အသံကြားတော့ ဆူးခတ်ခြေလှမ်းကို ရပ်တန့်လိုက်သည်။

              "ရိပေါ်ကော"

              "ဆူးခတ် မင်းသက်သာလို့လား မျက်နှာက သွေးရောင်ဖျော့နေတာကို ဘာလို့ စခန်းထိခေါ်လာကြတာလဲ "

ဝမ်ရိပေါ် တစ်ယောက် ဆူးခတ်အတွက် အရမ်းစိုးရိမ်နေမိသည်။  ညီမတစ်ယောက်လို ရင်းနှီးသူလေးကို လက်ထိပ်ခတ်ထားတာ မြင်ရတော့ စိတ်မကောင်းဖြစ်ပြီး မျက်ရေများ ဝဲလာသည်။  ဝမ်ရိပေါ် မည်သည်ကိုမျှ မစဉ်းစားတော့ပဲ ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။ ၎င်းအား စောင့်ကြည့်နေသူက တားတော့ မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်ပြီး ဂျစ်ကန်ကန် ဖြေလိုက်၏ ။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now