part (26) Uniocde 💚💚

116 14 8
                                    

🥀🦁🐰အတိတ်ကောက်ကြောင်း🥀🐰🦁

အပိုင်း (၂၆)

ဘုရားကျောင်းထဲတွင် ဝမ်ရိပေါ်နှင့်တိုက်ခိုက်
ပြီး ထွက်ပြေးလာသည့် ကျင်းကွမ်းယောင်
တစ်ယောက် အနောက်ဖက်ပေါက်သို့ ထွက်ပြေးလာခဲ့သည်။ ထိုနေရာတွင် ဆူးခတ်စီးလာသည့် အငှားကားရပ်ထားသည်ကို တွေ့၍ ကျင်းကွမ်းယောင်ကားထဲ ဝင်ထိုင်လိုက်သည်။

"ကားဆရာ ကျွန်တော်ကို မြို့ထဲပို့ပေးပါ"

မျက်နှာ Mask တပ်ထားသည့် ကားဆရာက ရုတ်တရက်ဝင်ထိုင်လိုက်သည့် ကျင်းကွမ်းယောင်အား လှည့်ကြည့်လိုက်သည်။

"ကျွန်တော်မှာ ငှားထားတဲ့ ခရီးသည် ရှိတယ်ဗျ"

ကားဆရာနှင့် ကျင်းကွမ်းယောင်တို့ အပြန် အလှန်ပြောဆိုနေကြချိန်တွင် ကားနောက်ခန်းထဲသို့ ရှောင်ကျန့် နှင့် ဂျီလီတို့ နှစ်ဖက်ပိတ်၍ ဝင်ထိုင်လိုက်သည်။

"ထွက်ပြေးမယ်ဆိုလဲ ရဲကားကို ငှားမစီးသင့်ဘူး ဆရာ"

ရှောင်ကျန့်က အထဲဝင်လာပြီးသည်နှင့် ရိသဲ့သဲ့ ပြောလိုက်ပြီး ကျင်းကွမ်းယောင်ကို သေနတ်ဖြင့်ထောက်ထားလိုက်သည်။ ထိုအချိန် ကားဆရာ ဟန်ဆောင်ထားသည့် အမှုစစ် ဝမ်ကျိုးချန်က mask ချွတ်ပြလိုက်သည်။ အခြေအနေကို ရိပ်စားမိသွားသည့် ကျင်းကွမ်းယောင်က မလွှတ်မြောက်နိုင်တော့သည့် အနေအထားတွင် ရုန်းကန်မနေတော့ပဲ ရိသဲ့သဲ့ စကားသာပြန်ဆိုလိုက်သည်။

"နောက်ကို အစ်ကို မရှိတဲ့ ညီမကို အိမ်ထောင်ဖက်တွေ့မှပဲ"

"နောက်တော့ အဲ့ဒီလိုလုပ်ပေါ့ အခုတော့ ရဲစခန်းလိုက်ခဲ့ပေဦးတော့"

ရှောင်ကျန့်က ပြောပြောဆိုဆိုဖြင့် ခြေမြန်လက်မြန်ပင် ကျင်းကွမ်းယောင်၏ ဂုတ်ပိုးကို သေနတ်ဖြင့် သတိမေ့အောင် ရိုက်ချလိုက်သည်။ ထို့နောက် သတိမေ့သွားသည့်
ကျင်းကွမ်းယောင်၏ အပေါ်ဝတ် အိင်္ကျီချွတ်၍ စုံထောက်ဂျီလီက ယူဝတ်လိုက်သည်။ သတိမေ့နေသော ကျင်းကွမ်းယောင်အား လက်ထိပ်ခတ်လိုက်ပြီး မိန်းကလေး ဆံပင်အတု တပ်ပေးလိုက်ကာ ကားနောက်ခန်းတွင် မှီထိုင်နေသည့်ပုံစံ ပြင်ဆင်ပေးခဲ့ပြီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ မည်သူမျှ သတိမထားမိအောင် ရဲစခန်းထဲထိ ခေါ်ဆောင်လာခဲ့ပြီး ထိုအနေအထားကို မရိပ်မိအောင် ရှောင်ကျန့်တို့က ကောင်းကောင်း လှည့်စားခဲ့ကြခြင်းဖြစ်သည်။

🥀🐰🦁အတိတ်ကောက်ကြောင်း🥀🦁🐰Where stories live. Discover now