Unicode
အပိုင်း ၁
ချယ်ရီတွေကြွေနေပြီ...။
မင်းမှတ်မိသေးလား ငါတို့အရင်ကဒီအချိန်ဆို စက်ဘီးသွားစီးနေကြလေ..။
မင်းရဲ့အပြုံးတွေကိုမှတ်မိသေးတယ်..။
တသက်လုံးစာအတွက် မင်းရဲ့အပြုံးတွေကိုမြင်ရရင်ကောင်းမယ်...။
သေချာပါတယ်..ကျွန်တော့်စုတောင်းမပြည့်ခဲ့ပါဘူး။ ဒီစာလေးရေးပြီးနောက်နေ့ပဲ ကျွန်တော့်ဘဝထဲကရော၊လောကကြီးကပါအပြီးပိုင်ထွက်သွားခဲ့ပါတယ်..။
* * *
"Taehyung~"သူငယ်ချင်းဖြစ်သူရဲ့ခေါ်သံကြောင့်ဘေးကိုလှည့်ကြည့်လိုက်မိသည်။ဘောပင်အပြာရောင်လေးကိုလက်ထဲတွင်ဆော့ကစားနေတဲ့ကောင်လေးတစ်ယောက် စိတ်ညစ်နေပုံရသည်။ ခေါင်းတခုလုံးလဲရှုပ်ပွနေတာပဲ။
"အင်း...ပြောလေJimin"
Taehyung ဘက်ကိုလှည့်လာပြီးမျက်လုံးဝိုင်းဝိုင်းစက်စက်လေးတွေနဲ့ကြည့်လာသည်။ 18နှစ်အရွယ်ကောင်လေးက မယုံနိုင်လောက်အောင်ချစ်ဖို့ကောင်းနေခဲ့သည်။ဒါကြောင့်လဲ Taehyungချစ်နေခဲ့ရတာမဟုတ်လား..။
"ငါဒီပုစ္ဆာကိုမရဘူး"
လက်ပုပုလေးတွေနဲ့ထောက်ပြတဲ့နေရာကိုတချက်ကြည့်လိုက်သည်။ အကြမ်းစာရွက်ပေါ်ရော လေ့ကျင့်ခန်းစာအုပ်ပေါ်မှာပါ ဖျက်ရာတွေပေပွလျှက်။ ဖတ်စာအုပ်ကိုဆွဲယူလိုက်ပြီးပုစ္ဆာကိုတချက်ဖတ်လိုက်သည်။
"ဘယ်နား, နားမလည်တာလဲ?"
"မေးခွန်းကိုနားမလည်တာ"
မျက်လုံးလေးတွေပျောက်သွားတဲ့အထိအားနာနာနဲ့ရယ်ပြလိုက်တယ်။ ငယ်ကတည်းက တွက်စာမှာအားနည်းခဲ့သူမို့ ဒီလိုကူညီပေးရတာမဆန်းတော့ပေ။ တခါခါ မေးတဲ့သူကိုယ်တိုင်ကပြန်အားနားတတ်သေး။
YOU ARE READING
Blossoms