This Story Is Not Translation Work. It's Just My Imaginary Own Creation Story Line. မီးလျှံတို့၏အရောင်ဟပ်မှုကြောင့် မြင်နေရသည့် ဖေးယွင်၏မျက်နှာမှာ ကြောက်စရာကောင်းလှသည်။ သူကမျက်ရည်များကျကာ ဟက်ဟက်ပက်ပက်ရီမောနေရင်း တောင်အစွန်းတွင်လဲကျနေသော လူတစ်ယောက်ကိုအော်ပြောနေတယ်။ "ရှင်းလန် မင်းနဲ့ငါဒီမှာအပြတ်ရှင်းကြတာပေါ့" ထို့နောက်ဓားတစ်ချက်အဝှေ့တွင် အောက်ဘက်မှလူ၏သွေးတို့က လေထုထဲကိုဖြာထွက်လာတယ်။ သူကသွေးထွက်နေတဲ့ဓားဒဏ်ရာကို လက်နဲ့ဖိထားရင်း သူ့လက်ထဲကဓားကိုထောက်ပြီး အားပြုကာမတ်တပ်ရပ်လိုက်တယ်။ ထို့နောက်ဖေးယွင်ကို စူးစူးဝါးဝါးကြည့်ကာ "မင်းကအမြဲတမ်း ငါ့ကိုဖုံးကွယ်ထားတာတွေများတာပဲ..." ထို့နောက် ဒဏ်ရာနှင့်လူက နောက်ဘက်ကိုခြေတစ်လှမ်းဆုတ်လိုက်ပြီး တောင်အောက်သို့ပြုတ်ကျသွားခံသည်။ 'ငါပြန်လာခဲ့မှာ ဖေးယွင်...'
15 parts