[Unicode]
ဈေးတစ်ခုတွင်ဝင်တိုက်မိကာ စတင်တွေ့ရှိခဲ့ကြသည့် သူတို့နှစ်ဦး၊ ကျင့်စဉ်ဖောက်ပြန်ကာ ကိုယ်ထဲမှမိစ္ဆာစိတ်ကိုလွှတ်ပေးလုမတတ်ဖြစ်နေသည့်ထိုလူကို အမျိူးသမီးကသွေးဖောက်တိုက်ကာ ချီစွမ်းအင်ဖြင့်ထိန်းပေးနေသည့်မြင်ကွင်း၊ သူတို့သိကျွမ်းသွားကြပြီး အတူတူကုန်ဆုံးသည့်အချိန်တို့များလာကာ ယုံကြည်မှုတိုးများလာပုံ၊ ကျင့်ကြံသူနှစ်ဖက်အကြား ပြသနာများစွာဖြစ်နေသည့်တိုင် သူတို့နှစ်ဦး၏မပြောင်းလဲသော ကတိသစ္စာများစွာ၊ နောက်ဆုံး မိုးမခင်ပင်အောက် အနမ်းဖလှယ်၍ ဘဝနှစ်ခုပေါင်းစည်းခဲ့ကြပုံတို့ကို ဖေးယွင်နားလည်လိုက်သည်။
ဆူညံသံတို့ထွက်ပေါ်လာပြီး လူနှစ်စုကစင်ပေါ်သို့တက်သွားကာ ထိုအချစ်ငှက်နှစ်ကောင်ကို တစ်ဖက်စီသို့ဆွဲသွင်းသွားကြသည်။ ထိုအခိုက်အတန့်တွင် ဖေးယွင်၏ရင်ထဲဗလောင်ဆူသွားရသည်။
မူလဖေးယွင်၏တုံ့ပြန်လား? သူကိုယ်တိုင်တုံ့ပြန်နေမိတာလား မသဲကွဲပဲ ဘေးမှလူတို့ကိုပင်သတိမထားမိတော့ပေ။ သူ့မြင်ကွင်းတို့ပြောင်းသွားပြီး မီးခိုးရောင်အခိုးအငွေ့တို့က အရာအားလုံးကိုဖုံးကွယ်သွားသည်။
သူ့ဘေးနားမှ ထုရိုက်တီးခတ်သံတို့ရုတ်ချည်းပျောက်ကွယ်သွားပြီး နယ်မြေအလွတ်တစ်ခုထဲရောက်သွားသလိုဖြစ်နေသည်။ ဖေးယွင်က ဒီနေရာကထွက်နိုင်ရန် လမ်းရှာဖို့ အရှေ့ကိုသာဆက်လျှောက်လာခဲ့သည်။
သူ့စိတ်ထဲတွင် ဟူလိကိုလည်းစိတ်ပူနေမိသည်။ ရုတ်တရက်လူကွဲသွားတာဆိုလျှင် ဒီလောကဘာမှမသိသေးသည့်ဟူလိ ကြောက်နေမည်မှာသေချာသည်။ ထို့ကြောင့် ရှေ့ကိုသာမြန်နိုင်သမျှမြန်မြန်လျှောက်နေမိသည်။
သို့သော် ညာဘက်ဘေးမှအလင်းရောင်တစ်ခု လက်ခနဲဖြစ်သွားတာကို သူသတိထားမိလိုက်သည်။ သူ့ရဲ့ခြေလှမ်းတို့ကို ညာဘက်သို့ကွေ့လိုက်ပြီး ဆက်လျှောက်သွားသည်။ အသံတို့ကိုမသဲမကွဲကြားနေရပြီး ထိုအလင်းရောင်နှင့် တဖြည်းဖြည်းနီးကပ်လာသည့်အခါ အသံတို့ကပိုရှင်းလင်းလာခဲ့သည်။
YOU ARE READING
Purple System And Lack-Brain MC {Own Creation}
ActionThis Story Is Not Translation Work. It's Just My Imaginary Own Creation Story Line. မီးလျှံတို့၏အရောင်ဟပ်မှုကြောင့် မြင်နေရသည့် ဖေးယွင်၏မျက်နှာမှာ ကြောက်စရာကောင်းလှသည်။ သူကမျက်ရည်များကျကာ ဟက်ဟက်ပက်ပက်ရီမောနေရင်း တောင်အစွန်းတွင်လဲကျနေသော လူတစ်ယောက်...