Description June 17, 2024 Description 💘 TITLE - Sweetest Marriage (OR) Rebirth of the Ultimate Pampering Marriage ဝေ့ချန်က သူ့ဘဝတစ်ခုလုံးကို ဟာသတစ်ခုသဖွယ်သာ ခံစားခဲ့ရသည်။ သူက လူမှားယွင်းချစ်မိပြီး၊ မှားယွင်းယုံကြည်ခဲ့မိကာ နောက်ဆုံးတွင် ဆွေမျိုးအားလုံး၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည်။ အဆုံးတွင် သူ့ကို ဂရုစိုက်ကာကွယ်ပေးခဲ့သူမှာ သူ လက်ထပ်ပြီးချိန်တည်းက လုံးဝလျစ်လျူရှု့ထားခဲ့မိသော အော်တစ်ဇင်ရောဂါသည် သူ့ဇနီးဖြစ်၏။ အမှောင်ထု လွှမ်းမိုးလာချိန်တွင် ဝေ့ချန်တွေးလိုက်မိသည်။ အကယ်၍ သူ အချိန်များကို နောက်ပြန်လှည့်၍ ရခဲ့ပါက ချန်လီကို သူ့နှလုံးသားထဲတွင် ပထမဦးစားပေးနေရာ၌ထားပြီး သူ့ကို ချစ်ခင်အလိုလိုက်ကာ အချိမြိန်ဆုံးသော ချစ်မေတ္တာများကို ပေးမည်ဟူ၍ပင်။