ThinzarLwin224
Happy 1yr Anni ပါ သဲသဲလေးရေ..... ဘာလိုလိုနဲ့ တစ်နှစ်တောင်ပြည့်ခဲ့ပြီပဲ အဲ့ဒါကြောင့် ကိုကိုကဦးစွာပထမ ပြောပြချင်တာကလေ ကျေးဇူးအများကြီးတင်ပါတယ်လို့ပေါ့... တကယ်ကို ကျေးဇူးတင်ရပါတယ် ချစ်သောရယ် ကိုကို့ဘဝထဲကို ယုံယုံကြည်ကြည်နဲ့ ဝင်လာပေးလို့လေ သူများအမြင်မှာ ဘယ်လိုကြီးပဲဖြစ်နေပါစေ ကိုကို့ဘဝထဲကို အရောက်ဝင်လာခဲ့ပေးလို့ ကိုကို့အတွက်တော့ ဘေဘီလေးက သက်ရှိဘုရားတစ်ဆူပါပဲ ထင်မှတ်မထားမိရလောက်အောင် ချစ်တယ်ကွာကိုကိုလေ ခလေးလေးကို အရမ်း အရမ်း အရမ်းကိုမှ ချစ်ခင်မြတ်နိုးရပါတယ်.... တစ်နှစ်ပြည့်တဲ့အထိ တစ်ခါမှ မငြိုငြင်ခဲ့ဖူးသလို စိတ်လဲမပျက်ခဲ့ဖူးဘူး ဘယ်လောက်ပဲဆိုးဆိုး ဘယ်လောက်ပဲချွဲချွဲ ချစ်မဝခဲ့ဘူး ချစ်ပြီးရင်းချစ်ချင်နေတော့တာပါပဲကွာ နောက်ပြီး နောက်ကိုလဲ အ့လိုလေး အမြဲဆိုး အမြဲချွဲနေပေးပါ ဒီကိုကိုက ဘယ်လောက်အထိ ပုကျိလေးအပေါ်မှာ ဂရုစိုက်နိုင်ပြီး အလိုလိုက်နိုင်လဲဆိုတာ ကာယကံရှင်မပြောနဲ့ဘေးကမိဘတွေပါသိတယ်နော် ဟီးဟီးးးးးးး.... နောက်နောင် အခက်အခဲဆိုတာတွေ ရှိလာခဲ့ရင်တောင် နှစ်ယောက်အတူရင်ဆိုင်ဖြေရှင်းကြမယ်နော်...... ချစ်တယ် နောက်ဘဝတွေအထိပါချစ်ချင်တယ် ဒါမဲ့ KKLဆိုတဲ့ ခလေးလေးဖြစ်ဖို့တော့လိုတယ်နော် ဘာလို့ဆို ကိုကိုချစ်တာက ကိုကို့ရဲ့အသည်းအသက်လေးဖြစ်တဲ့ KKLလေးမို့လေ အ့ကြောင့် ကိုကို့ခလေးလေးကလဲ ကိုကို့အပေါ်အများကြီးပိုဆိုးပီး ပိုချွဲပြီး ပိုရစ်ပီး နောက်ဘဝဆက်ဆက်တွေအထိပါ ချစ်ပေးပါနော်...... တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း တစ်ရာ နှစ်ပေါင်း တထောင် တသောင်းလောက်အထိ ဘေဘီလေးနဲ့အတူ ဖြတ်သန်းသွားချင်ပါသေးတယ်ဗျာ ကိုကို့ရဲ့ဘဝကို ခလေးလေးနဲ့စပြီး ခလေးလေးနဲ့ပဲ အဆုံးသတ်သွားပါရစေ ချစ်သောKKရေ.... ခလေးလေး သိတယ်မဟုတ်လား... အပြာရောင်တွေဟာဘယ်တော့မှ ငြီးငွေ့စရာမကောင်းဘူး.. အပြည့်အဝ ရရှိဖို့ပဲလိုတာ.... ကောင်းကင်းပြာပြာ ပင်လယ်ပြင်.. အပြာရောင်စာအိပ် မင်းကြိုက်တဲ့ပန်းတွေ.. ချစ်တဲ့စိတ် ငြိမ်းချမ်းရေး .. ဒါအပြာရောင်တွေပေါ့ ဒါကြောင့်ပြောတာ... အပြာရောင်တွေဟာ ဘယ်တော့မှငြီးငွေ့စရာမကောင်းဘူး အပြည့်အဝ ရရှိဖို့ပဲလိုတာ.... Aprilလရဲ့ အရောင်လေးလို့ပြောလို့ရပါတယ် အပြာရောင်ဟာ ကောင်းကင်နဲ့ပင်လယ်ကိုကိုယ်စားပြုလို့ ပွင့်လင်းလွတ်လပ်မှု ယုံကြည်မှုနဲ့ရိုးသားမှု သစ္စာတရား လို့ဖွင့်ဆိုကြပါတယ် ငြိမ်းချမ်းခြင်းအရောင်လို့လည်းပြောလို့ရပါတယ်.... ဒါကြောင့် ဘေဘီဟာ ကိုကို့ရဲ့ အပြာရောင်လေးပေါ့ ဘယ်တော့မှငြီးငွေ့စရာမကောင်းခဲ့ဘူး....
-K-K23
@ThinzarLwin224 ဟီးဟီး Happy 1yr Anniversary ပါကိုကိုရယ်... မယုံနိုင်သေးဘူးကွာ ဒီလိုအချိန်လေးရောက်လာမယ်လို့လေ.. ချစ်တယ်နော် အရမ်းအများကြီးချစ်တယ် နောက်လဲ အခုလိုလေးပဲ ဆက်ချစ်ပြီး အခုလိုလေးပဲယုံကြည်ပေးပါနော်... ကြားလူဆိုတာရှိမလာရလေအောင် ဘေဘီတို့အချစ်တွေဆက်ခိုင်မြဲကြမယ်နော်.. အနားနားရှိမနေပေမဲ့ ယုံကြည်ပေးပါ ကိုကို့ခလေးလေးက ကိုကို့ကိုသိပ်ချစ်တယ်ဆိုတာလေ.. နောက်လဲအခုလိုလေးပဲ အရာအားလုံးကိုမျှမျှတတနဲ့နားလည်မှုရှိရှိရှေ့ဆက်ကြမယ်နော် ကိုကို့ရဲ့အပြာရောင်လေးကို ဆက်သဘောကျပြီး ဘယ်တော့မှလဲငြီးငွေ့မသွားပဲ အဆုံးထိဆက်ချစ်ပေးပါလို့တောင်းဆိုပါတယ်..ဟီး ကိုကို့ခလေးလေးဆိုးတာတွေကိုလဲသည်းခံပေးပါဦးလို့... ခ်ခ် ချစ်တယ်နော်.. သိပ်သိပ်ချစ်တယ် အများကြီးချစ်တယ်...ထပ်ပြောမယ် Happy 1yr Anni ပါကိုကိုရေ... ❤
•
Reply