ArtemisJT21

ရှေ့လ လဝက်ကတည်းက ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ကိုယ် စိတ်ထောင်းကိုယ်ကြေဖြစ်ခဲ့တယ်။ Stress ဘယ်လောက်များများ ခန္ဓာကိုယ်မှာ ထင်ဟပ်လာတယ်ဆိုတာမျိုး မဖြစ်တာ ကြာပါပြီ။ 
          	
          	အခု လျှပ်စစ်မီးပါ မရနိုင်တော့တဲ့ နေရာမှာမို့ ဘယ်လိုမှ မတတ်နိုင်တော့တဲ့အဆုံး လွမ်းရတော့မယ်ထင်။ သေရေးရှင်ရေးအခြေအနေတွေမှာတောင် မထင်မှတ်ထားလောက်တဲ့အထိ ဒီအရိပ်ကို သံယောဇဉ်တွယ်နေမိတာပါ့ရောလို့လည်း ကိုယ့်ကိုယ်ကို အံ့ဩမိပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်တုန်းကတောင် ရှီးဝူသွမ်းတို့နဲ့ အဆက်မပြတ်ခဲ့တဲ့ နန်းအဖို့ ဒီခေတ်ဒီကာလရဲ့ လောကဓံကြောင့် ဒီpassionကို ဆက်လုပ်ဖို့ ကန့်သတ်ခံလိုက်ရတာ ခြေပြတ်လက်ပြတ် ဒုက္ခိတ ဖြစ်သွားသလိုပါပဲ။ 
          	
          	ကံမကုန်ရင်‌ေတာ့ ပြန်ဆုံကြရမယ်ထင်။ ဒီအချိန်တွေအတွက် ကျေးဇူးအထူးတင်ပါတယ်ရှင်။ 
          	
          	ပုံမှန် personalအကြောင်း မတင်ဖြစ်ပေမယ့် နန်းရဲ့စိတ်တွေ တကယ်မရတော့လို့ သောကတွေ လာဖြည်ချတာ၊ အနှောင့်အယှက် ဖြစ်စေမိရင် တောင်းပန်ပါတယ်။ 
          	

LilyLily544

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ အဆင်မပြေအခိုက်တန့်‌ကို မြန်မြန်ကျော်လွှားနိုင်ပါစေ 
Reply

bookluvr392

@ArtemisJT21 နန်း ဒီအခက်အခဲကို အောင်မြင်စွာ အထိအခိုက်မရှိ ကျော်လွှားနိုင်ပြီး အမြန်ဆုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေရှင်
Reply

Leo_Augusti

@ArtemisJT21 အချိန်တွေကြာလည်းစောင့်ပါမယ်နန်းရေ
          	  အစစအဆင်ပြေ ကျန်းမာပါစေ..
          	  Fighting 
Reply

Garlic-Boom

ရွှေဆံထိုးကို LA ပြန်ရိုက်မယ်ဆိုတော့ နှမြောမိတာပဲ သိတယ် ။ ဘာသာပြန်တဲ့ မနန်းလည်း အများကြီးကြိုးစားခဲ့ရသလို စာဖတ်သူတွေလည်း မျက်ရည်လည်ရွှဲနဲ့ဖတ်ခဲ့ရတာကို ။ အထူးသဖြင့် ရွီဟန် character ကို သူတို့ အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ပါ့မလား တွေးပြီးစိတ်ပူမိ。⁠:゚⁠(⁠;⁠´⁠∩⁠`⁠;⁠)゚⁠:⁠。

phuysinphwe

အရာရာအဆင်ပြေပါစေအမနန်းရေ။စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ဆုတောင်းနေပါတယ်။စိတ်ရောကိုယ်ပါကျန်းမာတဲ့အခါပြန်တွေကြရအောင်နော်။
          

__b_a__

နန်းရေ နန်းအချိန်ရရင် ကျွန်မကိုဆက်သွယ်ပေးလို့ရနိုင်မလားရှင့်။

__b_a__

ဆက်သွယ်တာစောင့်နေပါမယ့်ရှင့်
Reply

__b_a__

နန်းရဲ့ facebook acc လဲမသိလို့ ဒီကနေပဲ စာပို့လိုက်တာပါ တမျိုးမထင်ပါနဲ့နော်
Reply

__b_a__

telegram acc ပါ ayetwoaung
Reply