Bloody_Night_Sky
အရာရာအားလုံးဟာ ကိုယ့်ကိုအရှုံးပေးဖို့ တွန်းအားပေးလာတဲ့အခါအရာရာတိုင်းက ကိုယ့်ကို အရှုံးသမားတစ်ယောက်လို လောင်ပြောင်လာတဲ့အခါပင်ပန်းတယ်။ တစ်ခါမှ နှုတ်ကနေ ထုတ်မပြောဖူးပေမယ့်လို့ ငါတကယ်ကို ပင်ပန်းပြီ။
လောကကြီးဟာ ပင်လယ်ပြင်လိုပဲ။
ကိုယ်တို့တတွေကတော့ ပင်လယ်ပြင်ကြီးအလယ် ခရီးသွားနေရတဲ့ လူသားလေးတွေပါပဲ။ တစ်ချို့တွေကတော့ သင်္ဘောနဲ့ ပင်လယ်ပြင်ကို ဖြတ်ကူးကြတယ်။ တစ်ချို့ကြလည်း လှေငယ်လေးတွေနဲ့ပေါ့။
ကိုယ်က လက်ပစ်ကူးခတ်နေတဲ့သူဖြစ်မယ်။ ဘာလို့ဆို သူများတွေအကုန်ကောင်းနေတဲ့အချိန် ကိုယ့်အတွက်တော့ သိပ်ကိုပင်ပန်းနေတာမို့လို့။ မောပန်းလာလို့ ရေကူးတာကို ရပ်ပစ်လိုက်မယ်ဆိုရင် ကိုယ်ဟာ နစ်မြုပ်သွားမှာ။
ဒါကို သိလို့ ကြိုးကြိုးစားစားနဲ့ ကူးခတ်နေပေမယ့် ကံကြမ္မာဆိုတာ ဘယ်တုန်းကများ မျက်နှာသာပေးခဲ့ဖူးလို့လဲ။ သေလောက်အောင် ကြိုးစားပြီး ကူးခတ်နေချိန် လှိုင်းလုံးရိုက်လာတယ်။
ဘာလို့လည်း ဒီလောက်ထိ ကြိုးစားပြီးတာတောင် ဘာလို့မလုံလောက်သေးတာလဲ။ အကျည်းတန်တဲ့ လှိုင်းတံပိုးတွေကြောင့် ငါဟာပင်လယ်အောက်မှာ တိမ်မြုပ်သွားတော့မယ်။ ဒီထက်ပိုပြီး ကူးခတ်ဖို့အားမရှိတော့ဘူး။
တစ်ဘဝလုံး ထင်ခဲ့တာ လှိုင်းလုံးတွေဟာ လှပတယ်လို့။ ဘယ်သူထင်မလဲ။ ငါ့ဘဝကို အဆုံးသတ်ပေးလိုက်တာက ငါလှပတယ်လို့ထင်ခဲ့တဲ့ လှိုင်းတံပိုးတွေပါပဲ။
လှိုင်းတံပိုးတွေက လှပတယ်။ ကြည့်ရှုနေရတဲ့ သူအတွက်..။
လှိုင်းတံပိုးတွေဟာ အကျည်းတန်တယ်။ လက်တွေ့ကြုံတွေ့ရတဲ့အခါ..။
Bloody_Night_Sky
@hanchinyuan အင်းပေါ့ နီးကပ်လာမှာပါ၊ပန်းတိုင်ဆိုတာမျိုးရှိခဲ့ရင် ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်လို့ အရောက်သွားမယ်
•
Reply