Bnb issueတိုင်းကိုလေ အမြဲဖြည်းဖြည်းချင်းဖတ်တာ နှမြောလို့ရယ်လေ။ အဲ့တာ အခုပဲ အစ်မရဲ့ Unlocking the Way to the heartဖတ်ပြီးလာတာ။ ဘာပြောရမှန်းကိုမသိအောင်ပဲ အစ်မရယ်။ ကြိုက်လွန်းလို့လေ အရမ်း ㅠㅠ.. အစ်မကတော့အစ်မပါပဲဆိုတာမျိုး တွေးနေတာ။
ပုံမှန် ဟောင့်ဟောင့်ကိုရေးနေကျ အိကျိပိကျိလေးကို %နည်းနည်းလျှော့ပြီး ပင်းပင်းဆီရေးထားတယ်လို့လည်း ခံစားရတယ်။ off camမှာ ၂ယောက်တည်းရှိနေချိန်မျိုးဆို ဆဟဘ,က ကဟအ,အပေါ် ဒီလိုဂျစ်တူးလေးဖြစ်နေလောက်မှာ တွေးမိတော့ ဒယ်လူလူရတာ တိမ်ပေါ်ရောက်နေသလိုပဲ။ ဆရာကျန်းရဲ့စက်ခေါင်းလေးနဲ့နောက်တွဲလေးတစ်အုပ်က တကယ်ချစ်စရာ ㅠㅠ.. ဒါလေးကိုဖတ်ပြီး အချစ်ရက်စွဲများကိုတောင် လွမ်းသွားတယ်။ အစ်မ စာရေးတဲ့ပုံစံကို တကယ်အရမ်းချစ်တာပဲ။ အခု ဖတ်ပြီးပြီးချင်း အရမ်းကြိုက်တယ်ဆိုတာကို အစ်မသိအောင် မဖြစ်မနေပြောပြရမယ်လို့ ခံစားနေရလို့ လာပြောတာ။ ကျေးဇူးပါရှင့်။ ကောင်းတာထက်ကို ပိုပြီး ကောင်းကောင်းဖတ်ခဲ့ရပါတယ်။