GangawMin
"ယဲ့ယင်းကျီ(Ye Yingzhi)"
ယဲ့ယင်းကျီကို တော်တော်လေးသဘောကျမိနေတယ်။
ဖတ်လိုက်တဲ့အကြိမ်တိုင်းငါ့ကို စိတ်လှုပ်ရှားစေတဲ့သူ။
သူ့ရဲ့ဝမ်းနည်းစရာအခိုက်အတန့်တွေကို ဖတ်လိုက်တဲ့အခါတိုင်း ကိုယ်ပါလိုက်ခံစားနေရပြီးရင်ထဲနေလို့မကောင်းဘူး။
Danmei ထဲက ဇာတ်ကောင်တွေထဲမှာအပြင်မှာ ဆုံဖူးချင်တဲ့ တစ်ဦးတည်းသောသူပဲ။တခြားသဘောကျရတဲ့ ဇာတ်ကောင်တွေနဲ့မတူဘဲ သူ့ကိုတစ်မျိုးခံစားရတယ်။ဘယ်လိုလဲမသိဘူး။
ယဲ့ယင်းကျီကို သဘောအကျလွန်ပြီး ချီယန်ကို သိပ်သဘောမကျတာတို့၊အမြင်မကြည်တာမျိုးတွေလည်းမရှိဘူး။ယဲ့ယင်းကျီကိုအရမ်းကြိုက်သလို ချီယန့်ကိုလည်းသဘောကျတာပဲ။နှစ်ယောက်လုံးက ငါ့ရဲ့မြတ်နိုးရသော စိတ္တဇနာမ်လေးတွေချည်းပဲ။
ဘယ်စိတ္တဇနာမ်ကိုအမြတ်နိုးဆုံးလဲလို့မေးလာခဲ့ရင်တော့
ယဲ့ယင်းကျီ(Ye Yingzhi)လို့ပဲဖြေမိလိမ့်မယ်။သူက ဘာကြောင့်မှန်းမသိစွာနဲ့ဘဲတခြားဇာတ်ကောင်တွေနဲ့မတူ ငါ့ရဲ့စိတ်ကို ထူးထူးဆန်းဆန်းခံစားရစေတဲ့သူတစ်ယောက်ဖြစ်နေတယ်။
ငါနှစ်သက်သဘောကျရတဲ့ စိတ္တဇနာမ်လေးတွေအများကြီးရှိတဲ့ထဲက အမြတ်နိုးရဆုံးစိတ္တဇနာမ်က ယဲ့ယင်းကျီ(Ye Yingzhi)ပဲ။
ယဲ့ယင်းကျီပြီးရင် ဟွားချန်(Hua Cheng)ကို အမြတ်နိုးဆုံးပဲ...
ကံ့ကော်မင်း
11.9.2024(Wed:) (1:38) AM