HmineNyot
Hello...နောက်ကျသွားပေမယ့် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ကြပါစေရှင်။ မှိုင်းညို့ ကြေငြာစရာလေးရှိလို့ပါ...My heart is you လေးကို မှိုင်းညို့ရပ်နားထားပါတယ်နော်။ wp pw မေ့နေတာနဲ့ ဝင်မရဖြစ်ပြီး အသိပေးဖို့နောက်ကျသွားပါတယ်။ နှစ်ကုန်ခါနီး ကိုယ်ရေးကိုယ်တာကိစ္စလေးတွေနဲ့ အလုပ်နည်း"ရှုပ်နေတဲ့အပြင် အနာဂတ်အတွက် ပလန်ချပြီးစီစဥ်နေရတာမလို့ စာရေးဖို့ကို မှိုင်းညို့အာရုံမစိုက်နိုင်ပါဘူး။ အဲ့ဒါကြောင့် အချိန်အကန့်အသတ်မရှိ ရပ်နားထားလိုက်ပါမယ်ရှင့်။ My heart is you ကိုသဘောကျပြီး စောင့်မျှော်နေတဲ့ စာဖတ်သူလေးတွေကို မှိုင်းညို့တကယ်တောင်းပန်ပါတယ်ရှင်။ တစ်နေ့နေ့ကျရင်တော့ ဇာတ်လမ်းအသစ်တွေကိုပါယူဆောင်ပြီး ပြန်လာခဲ့ပါမယ်ရှင့်။