ဒီ Acc ကို Active မဖြစ်တော့ဘူးလို့ ပြောထားပေမဲ့ ဒီ Account ထဲမှာ ဟိုးအရင် Acc စဖွင့်ကတည်းက အားပေးလာတဲ့ Reader Nim တွေလဲ ရှိနေတော့ ကိုယ့်ရဲ့ ပထမဦးဆုံးသော BL OC Fiction လေးကို ဒီ Acc နဲ့ပဲ ဆက်ရေးဖြစ်လိုက်ပါတယ် ။ အားပေးကြပါဦးလို့ ❤️
ပထမတော့ မြန်မာနံမည်တွေပေးပြီး မြန်မာဆန်ဆန်လေးရေးမလို့ပါပဲ ။ ဒါပေမဲ့ စာစရေးကတည်းက Fan Fiction ပုံစံမျိုးပဲရေးပြီး အဲ့ဒီ့လိုမျိုးတွေပဲတောက်လျောက်ရေးဖြစ်ခဲ့တာကတစ်ကြောင်း ၊ Korea တောထဲက ရုန်းမထွက်နိုင်သေးတာက တစ်ကြောင်းနဲ့ မြန်မာ နောက်ခံ မြန်မာ Culture မြန်မာ Background နဲ့ ဘယ်လိုမှ စာရေးလို့မရမှန်းသိခဲ့ရတယ် ။ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါဘူးပေါ့
အဲ့ဒါကြောင့် OC ကိုမှ Korea နောက်ခံ Korea Background နဲ့ရေးဖြစ်ခဲ့ပါတယ် ။ နံမည်တွေကိုတော့ Korea ပုံစံကွက်တိကြီးသွားတာမျိုးမဟုတ်ဘဲ ချစ်စရာကောင်းအောင် တစ်လုံးစီပဲပေးထားတယ် ။ ပြီးတော့ အရမ်းအရမ်း ရေးချင်ခဲ့တဲ့ Seke, Ume ဆိုတဲ့ ပုံစံမျိုးရောက်အောင် ပထမဆုံးအနေနဲ့ ကြိုးစားပြီး ရေးသွားမှာဖြစ်ပါတယ် ။
ဇာတ်ကောင်တွေရော ဇာတ်အိမ်ရောက အရမ်းထူးခြားနေတာမျိုးကြီးမရှိပေမဲ့ ရေးနေကျ Romance, Drama ပုံစံကိုမှ ဖတ်လို့ကောင်းအောင် ရင်ခုန်စရာကောင်းအောင် ကြိုးစားပြီးရေးထားပါတယ် ။
ကိုယ်ရေးတာကို ဖတ်ချင်သေးတယ်ဆိုတဲ့သူလေးတွေ အားပေးလို့ရပါတယ်လို့ ❤️ Title ကို "တရှိုက်မက်မက် မနက်ဖြန်" လို့ပေးထားပါတယ် ။ နောက်ပိုင်းမှာ Title နဲ့ ဆက်စပ်ပြသွားမှာပါ ။ နောက်ပိုင်းရောက်လေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလေဖြစ်အောင် ဇာတ်လမ်းကို စလာတာနဲ့ ဖြည်ချပြတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်းပဲ အေးအေးဆေးဆေး တစ်ခုပြီးတစ်ခုရှင်းပြတဲ့ပုံစံမျိုးနဲ့ ရေးထားပါတယ် ။ ဇာတ်ကောင်တွေနဲ့လဲ စစချင်းမရင်းနှီးသေးပေမဲ့ နောက်ပိုင်းရောက်လေ ပိုပြီးချစ်စရာကောင်းလေ ဖြစ်လာအောင် ကြိုးစားရေးသွားမှာပါ ❤️
တခြားဟာတွေထက် BL ရဲ့ ရင်ခုန်စရာအရသာလေးနဲ့ အချစ်ရဲ့သဘောသဘာဝလေးကို ခံစားနိုင်ဖို့ပဲ ဦးစားပေးထားပါတယ် ။ ကိုယ်ရေးနေကျတွေနဲ့ ခပ်ဆင်ဆင်ပဲဆိုတော့ BL ဖတ်ပြီးရင်ခုန်လှုပ်ရှားချင်သူများအတွက်တော့ အဆင်ပြေမှာပါ ။ အပျင်းပြေလေးဖြစ်ဖြစ်ပေါ့ ❤️