IrisCho20
Follower ၂ယောက်ပဲ ရှိတာကို ကြီးကြီးကျယ်ကျယ် ဘာများရေးဦးမလဲ တွေးမိသေးတယ်။ ဒါပေမယ့် ၂၀၂၁ရဲ့ ဒီဇင်ဘာလက်ဆောင်အဖြစ်ရခဲ့တဲ့ followerအတွက်ရော၊ကိုယ့်အတွက်ကိုယ်ရော အမှတ်တရဖြစ်စေချင်လို့ ရေးတာပါ။ ၂ဦးတည်းသော followerလေးတွေကို ကျေးဇူးတင်ပါတယ်။ ကိုယ်က စာရေးတာ ဝါသနာပါတယ်။ စာဖတ်တာရောပေါ့။ ဒါပေမယ့် wattpadက စာရေးတော်တဲ့သူတွေချည်းပဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်အားမရလို့ စာရွက်နဲ့ ရေးထားသမျှတွေ စာစီပြီး မတင်ရဲခဲ့ဘူး။ မတင်ဖြစ်ခဲ့ဘူး။ ၂၀၂၂မှာတော့ ကြိုးစားတင်မယ် စိတ်ကူးတယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ့်အတွက်ကို အမှတ်တရ ကျန်ရစ်အောင်ပါပဲ။ ၂၀၂၁ ဒီဇင်ဘာမှာ surpriseလက်ဆောင်အဖြစ်ရခဲ့တဲ့ followerလေးတွေကို အမြဲအမှတ်ရနေမှာပါ။သူတို့က ကိုယ်ချစ်တဲ့ ရှောင်းကျန့် နဲ့ ရိပေါ်ရဲ့ ဖန်လေးတွေလို့ ထင်မိတော့ ပိုပျော်ရတယ်။ ၂၀၂၂ ဒီဇင်ဘာမှာတော့ အဲဒီfollowerလေး ၂ယောက်ဆီက ကိုယ့်စာတွေကို မန့် နဲ့ အသိအမှတ်ပြုမှုလေး ရလောက်မယ် ထင်ပါတယ်။ ကိုယ်ကတော့ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားရင်းပဲ ရှင်သန်သွားချင်ပါတယ်။ ကျေးဇူးပါနော်။ဒီစာကို ၂၀၂၂ရဲ့ အမှတ်တရအဖြစ် တခမ်းတနား မှတ်တမ်းတင်လိုက်ပါတယ်။