နောင်တဟာ တဖြည်းဖြည်းတက်လာတဲ့
မိုးရိပ်တွေလိုပဲ
ငါတို့ဘယ်အချိန်ရွာချမယ်ဆိုတာကိုရွေးချယ်လို့မရခဲ့ဘူး
အရက်ဆိုင်ထဲဖြစ်ဖြစ်
သတင်းစာဖတ်ရင်းဖြစ်ဖြစ်
ငိုချမိချင်ငိုချမိမှာ
တကယ်က ငါတို့မျက်ရည်တွေရဲ့
အမှောင်ထုဟာ
မိုးသားတွေထက် အုံ့မှိုင်းခဲ့တာပေါ့ ။
#ဂန္တမာ
- JoinedOctober 17, 2021
- facebook: Ryker's Facebook profile
Sign up to join the largest storytelling community
or