Hello....
ကောင်းကောင်းမတွေ့ရတာ ကြာပြီ။
ဒီကာလအတွင်း အလုပ်တွေရှုပ်၊စိတ်တွေရှုပ်နဲ့ စာတွေလည်းမရေးနိုင်ပါဘူး။ Anxiety တွေလည်းများနေတာမို့ ခေါင်းထဲမှာ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းထပ်မထွက်ဘူး ဖြစ်နေတာလည်း ပါတာပေါ့။
အခုရက်ပိုင်းတွေမှာ နယ်ပြန်ဖို့ကိစ္စတွေနဲ့ ပြောင်းရွှေ့ရမယ့်ကိစ္စတွေ ပိုတိုးလာလို့ Fic Update တွေက ကြာပါဦးမယ်။ နယ်မှာတော့ လဝက်လောက်ကြာနိုင်ပါတယ်။ Ygn ပြန်ရောက်လာရင်တော့ စာလေးတွေ ပြန်ရေးနိုင်မယ်ထင်ပါတယ်။
ဒါပေမယ့် Daisy ကတိတော့လည်း မပေးနိုင်ပါဘူး။
အခုထိ မျှော်နေတဲ့သူတွေကိုလည်း အားနာပါတယ်။ တောင်းပန်တဲ့စကားတွေလည်း ထပ်ကာ ထပ်ကာ မပြောချင်ပါဘူး။ ဒီကာလမှာ Daisy ရဲ့ စိတ်အခြေအနေကလည်း အမြဲတမ်းကောင်းနေတာမဟုတ်သလို အားလုံးလည်း ခုလိုမျိုး ခံစားနေကြရမလား မသိပါဘူး။ ပိုခက်ခဲလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတချို့မှာ ဝေခွဲမရတာမျိုးတွေကြောင့် စိတ်ပင်ပန်းရတာမျိုးတွေကလည်း ဆက်တိုက်ရှိလာတာမို့ပါ။ တခါတလေကျ Strong Woman လည်း မဖြစ်ချင်တော့ပါဘူး။
Daisy ကတော့ အားလုံးကို စိတ်အေးသက်သာစွာ ရှိနိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။
Aug 26,2024
7:10 pm