JeonHnin

March ကိုမုန်းတယ်
          	 2017 March 30 - အချစ်ဦး
          	 2019 March 24 - ဘဝမှာ အချစ်ရဆုံးသော ဖခင်
          	 2022 March 14 - ကောင်လေး
          	
          	ပြန်ဆုံဖြစ်တဲ့ တစ်နေ့ကျ အားလုံးကို တောင်းပန်ချင်ပါတယ်....တာဝန်မကျေခဲ့မိတာတွေ အတွက်....
          	ပြောခဲ့မိတာတွေ အတွက်....နာကျင်စေမိတာတွေ အတွက်....
          	
          	ပြန်ဆုံရမယ့် တစ်နေ့ကို မစောင့်နိုင်သလို
          	ရောက်လည်း မရောက်ရဲသေးဘူး....
          	ဒီကမ္ဘာက မြတ်နိုးရသူတွေကို ထားခဲ့ပြီးမှရောက်နိုင်တာမို့......

JeonHnin

March ကိုမုန်းတယ်
           2017 March 30 - အချစ်ဦး
           2019 March 24 - ဘဝမှာ အချစ်ရဆုံးသော ဖခင်
           2022 March 14 - ကောင်လေး
          
          ပြန်ဆုံဖြစ်တဲ့ တစ်နေ့ကျ အားလုံးကို တောင်းပန်ချင်ပါတယ်....တာဝန်မကျေခဲ့မိတာတွေ အတွက်....
          ပြောခဲ့မိတာတွေ အတွက်....နာကျင်စေမိတာတွေ အတွက်....
          
          ပြန်ဆုံရမယ့် တစ်နေ့ကို မစောင့်နိုင်သလို
          ရောက်လည်း မရောက်ရဲသေးဘူး....
          ဒီကမ္ဘာက မြတ်နိုးရသူတွေကို ထားခဲ့ပြီးမှရောက်နိုင်တာမို့......

JeonHnin

အသက်ကြီးလာလို့လားပဲ.....တစ်ယောက်တည်းနေချင်လာတယ်
          ခက်ခဲနေလို့လားပဲ...... ပိုခက်ခဲသွားမှာကိုတွေးပြီးကြောက်တယ်
          နားလည်သွားလို့လားပဲ.......အချစ်ဆိုတာ ဘယ်နနှစ်ထိ တည်မြဲမလဲ မသေချာတာမို့....
          
          
          အိမ်ထောင် တစ်ခုကို မိသားစုတစ်ခုကို
          တည်ဆောက်ဖို့ ကြောက်တယ်
          သတ္တိမရှိဘူးပဲ ဆိုဆိုပါ....တာဝန်မယူနိုင်မှာကြောက်တယ်......
          
          စိတ်ပင်ပန်းရမှာ ကြောက်တယ်......
          တစ်ဖက်သားကို မယုံတာ မဟုတ်ပါဘူး....
          ကိုယ့်ကိုယ် မယုံသေးတာ‌ပါ......

JeonHnin

ညက နင့်ကို အိပ်မက်မက်တယ်
          အသက်ရှင်နေတုန်းပဲတဲ့.....
          8 နှစ်တောင်ပြည့်တော့မယ်..... 
          ခုထိ နင့်ကိုအိပ်မက်လိုက်တိုင်း 
          နင်အသက်ရှိနေတုန်းဆိုတာ မြင်လိုက်တိုင်း
          စိတ်တွေလှုပ်ရှားနေတုန်း....ရင်တွေခုန်နေတုန်း
          ပြည့်စုံသွားပြီလို့ ခံစားရတုန်း.....
          
          
          လွမ်းတယ်.....

JeonHnin

ရှင်သန်ဖို့ လမ်းစလေးရှိလာပြီထင်တာ
          ဒီနေ့ ဘာကြားခဲ့ရလဲ သိလား
          "သေ၇ရက်" ဆိုလားပဲ
          မရှိလည်း ၇ ရက်လောက်ပဲ သတိရမယ်ဆိုတဲ့ သဘောပဲ..
          ဘယ်လောက်ရီစရာကောင်းလဲ.....

JeonHnin

ငါက သူ့ကို မမျှော်လင့်ရင် ဘာနဲ့ရှင်သန်ရမှာ
Contestar

JeonHnin

ဒါမယ့် မျှော်လင့်ချက်ရှိမှ အသက်ရှင်လို့ရမှာပေါ့
Contestar

JeonHnin

အေးနော်..... အမှန်‌ဆို မမျှော်လင့်သင့်ဘူး
Contestar

JeonHnin

စိတ်ဓာတ်တွေ ကျနေပြန်ပြီ........
          အတွေးတွေကို ဂရုစိုက်ရမယ်‌ဆိုပေမယ့်......
          ဘာကြောင့် ရှင်သန်ရမလဲဆိုတာ မသိဘူး....

JeonHnin

ဒီတိုင်း သိတယ်မှလား
            ခံစားချက်က အခွံကြီးဖြစ်နေသလိုမျိုးလေ
Contestar

JeonHnin

စိတ်ဓာတ်ကျတာရဲ့ အစောပိုင်းအဆင့်များလား
Contestar

JeonHnin

@JeonHnin ပေါ့ပါးပြီး တက်ကြွနေသလိုပဲ
Contestar

JeonHnin

ဆုလာဘ်တစ်ခုလို့ ထင်ခဲ့တာ......
          ပြစ်ဒဏ် တစ်ခုပါလား....
          သာသာယာယာ နေ့ရက်ကလေးတွေ များခဲ့တော့
          ကိုယ့်အပြစ်တွေတောင် မေ့မိတော့မလို့....
          ပြသနာလေးတွေ ရှိလာမှ သတိရတယ်....
          "နင့်အတွက်က ဘာဆုလာဘ် ရှိရမှာလဲ....
          ဒါက ပြစ်ဒဏ်ပဲ" ဆိုပြီး......

JeonHnin

Hi 
          ငါပါ
          ဒီနေ့ 26 နှစ်ပြည့်ပြီ နင်ရော 18 နှစ်ပြည့်ဖို့ 9ရက်လိုတုန်းပဲလား...
          တကယ်ပါပဲ.....အားကျလိုက်တာ......
          မတွေ့ရတာ 8နှစ်ရှိတော့မယ်လေဟာ....
          ငါလည်း အသက်တွေကြီးလာပြီ နင့်မျက်နာကို မနည်းပုံဖော်နေရတဲ့ အဆင့်တော့ မရောက်သေးပေမယ့်....
          ကြာလို့ မေ့သွားရင် ဘယ်လိုလုပ်မလဲဟာ....
          အိပ်မက်ထဲ အလည်လာပါဦးဟာ နော်.....
          ငါမေ့သွားရင် ....... နင့်အပြစ်နော်.......
          လွမ်းလိုက်တာ.....

JeonHnin

အဆင်ပြေရင်လည်း ခေါ်ပါဦး
Contestar

JeonHnin

မသေရဲလို့သာ.....
Contestar

JeonHnin

အလုပ်က ပင်ပန်း မိသားစုနဲ့ ခွဲနေရသေး
Contestar

JeonHnin

21.3.2023.........
              18 နှစ်နဲ့ 9 ရက်ပဲ ရှင်သန်သွားခဲ့တဲ့ ကလေးတစ်ယောက်......
          ခုချိန် ရှိနေသေးမယ်ဆို 24 နှစ်ပြည့်မွေးနေ့လေးပေါ့....
          အရပ်ပိုရှည်လာမလားပဲ.....ခန့်ခန့်ညားညားနဲ့ သိပ်ကို ချောတဲ့ လူငယ်လေး ဖြစ်လာလောက်ရောပေါ့....
          အမှန်က မင်းမွေးနေ့ကို မေ့နေခဲ့တာ....6 နှစ်ကြာခဲ့ပီဆိုတော့ တချို့data လေးတွေ ဦးနောက်က မထိန်းထားနိုင်တော့တဲ့ ပုံပဲ...တောင်းပန်ပါတယ်....
          လူတစ်ယောက်ကိုမှတ်ဖို့ သိပ်ခက်ခဲတဲ့ ကိုယ့်အတွက်
          မမြင်နိုင်တော့တာ 6 နှစ်လောက် ကြာသွားတာတောင် 
          မင်းမျက်နာလေးဟာ မျက်လုံးမှိတ်ထားလည်း ကိုယ်မှတ်မိတယ်....မျက်လုံးတွေ ဖွင့်ပီးလည်း ကိုယ်ပုံဖော်နိုင်တယ်....သိပ်ကိုဆန်းကြယ်တာပဲ.....
          လူတစ်ယောက်က တခါပဲ ချစ်နိုင်တယ်ဆိုရင်
          ကိုယ်တော့ ဘယ်လိုလုပ်ရပါ့..ဘယ်လို ရှေ့ဆက်ရပါ့....
          အဲ့နှစ်က မင်းကို သိပ်သနားခဲ့တာ.....
          ခုနောက်ပိုင်းနှစ်တွေမှာတော့ ကိုယ့်ကိုယ်ကို သနားနေတော့တာပဲ......❤️