KhaingMoe190
အချစ်က မင်းအနားမှာပါ
+++++++++++++++++
ဘ၀ကို သင်ခန်းစာ ပေးနေတာ
နှလုံးသား မဟုတ်တဲ့ အတွက်
အပြစ် မတင်ချင်စမ်းပါနဲ့
ကလေးရေ ....
ဦးနှောက်ကို စဉ်းစားပြီး
ရွေးချယ်ကြည့်ရင်
အသည်းကွဲတယ်ဆိုတာ
ဘယ်ရှိပါ့မလဲ ကလေးရဲ့ ....
တွေ့လေရာ ပတ်စားတဲ့ နွားက
ဘယ်နေရာဖြစ်ဖြစ်
အလေးထား ဂရုစိုက်မှာ မဟုတ်ဘူး ကလေး ....
အလေးထားချစ်တဲ့ သူတွေ
အသည်းကွဲတဲ့ အခါ
ယောကျာ်းအရင့်မာကြီးဆိုတဲ့ ကောင်တောင်
မျက်ရည်နဲ့ မျက်ခွက် ....
ခြံခုန်တဲ့ ကျားက
ဘယ်အချိန်မဆို ထားခဲ့မှာဘဲ ကလေး ....
အချစ်ကို တန်ဖိုးထားပါ
ဒီကောင်မလေးက လိုက်ရင်ရတယ်ဆိုတဲ့
စကားမျိုးကို ပြန်မကြားရလောက်တဲ့ အထိ
ဆင်ခြင်ပါ ကလေးရယ် ....
နုနယ်တဲ့ မင်းနှလုံးသားလေးကို
ဆင်ခြင်တတ်တဲ့ ဦးနှောက်က
အနိုင်ယူလိုက်တဲ့ အခါ
မင်းခံစားရလိမ့်မယ် ကလေး ...
အမြင်မတူတဲ့ လူ့သဘာ၀ကြီးကို
လုံးကြီးတင် ဆံခတ်တဲ့အခါ
စဉ်းစားတတ်ဖို့
ကလေးကို သင်ပေးရအုံးမယ် ....
အချစ်ကို သစ္စာရှိအောင်နေရင်
မင်းဘယ်လိုပုံဘဲ ဖြစ်ဖြစ်
ချစ်တဲ့သူက ချစ်လာမှာဘဲ ကလေး ....
ယုံတမ်း တော်ကီ ချိုချိုလေးတွေ
အပေးကမ်း ရက်ရောမှဆိုတဲ့
မင်းအတွေးက အချစ်စစ် မဟုတ်တော့ဘူး ...
အပျော်တမ်း ကစားတဲ့ အရုပ်ကို
ဘယ်တော့မှ မပိုင်ဆိုင် ရသလိုမျိုးပေါ့ ..
ပေါပေါလောလော ပေးနေတိုင်း
လက်ခံနေသ၍ မင်းအသည်းကွဲနေအုံးမှာဘဲ..
ဦးနှောက်နဲ့ ဆင်ခြင်ပြီး
နှလုံးသားကို ရွေးချယ်ပါ ကလေး
ဘာလို့လဲဆို အချစ်က မင်းအနားမှာပါ ... ✍️✍️✍️
#သံယောဇဉ်မလေးမောင်ချို
August 2K24 ✅