KhunSat001

KhunSat001

ကိုယ့်ကို ဆင်ခြေပေးတယ်လို့တော့ မမြင့စေချင်ပါဘူး။ ကိုယ်တကယ်တောင်းပန်ပါတယ်။တကယ့်ကိုတောင်းပန်ပါတယ်။ကိုယ့်ရဲ့လစ်ဟာမှု့တွေအတွက် တကယ့်ကိုတောင်းပန်ပါတယ် ကလေးတို့ရေ။ ကိုယ့်ဖုန်းလေးကျကွဲသွားလို့ပါနော်။ ကိုယ်စာရေးရမှာပျင်းလို့ ဆင်ခြင်ပေးရခြင်းလဲမဟုတ်ရပါဘူးကွယ်။ ကိုယ့်အတတ်နိုင်ဆုံး အခြားလူဖုန်းနဲ့အကောင့်ပြန်ဝင်ပြီး ရေးပေးပါ့မယ်နော်။ခုလည်းသူများဖုန်းနဲ့ ဝင်ပြီးတင်လိုက်ရတာပါကလေးတို့ရေ။ တာဝန်မကျေ၊ မလေးစားသလို အပြုအမှုတွေအတွက် တကယ်ကိုတောင်းပန်ပါတယ်နော်။
          

Nora862022

@KhunSat001 စောင့်နေပါတယ်နော်❤️❤️❤️ ၂ပိုင်းလောက် double update ပေးပါလားဟင် ပထမဆုံးတောင်းတာပါ။ သာသာက အပ်ပုဒိတ်မတင်ဖြစ်တော့ တခါတလေမှဖတ်ရလည်း တဝကြီးဖတ်ချင်လို့
Reply

KhunSat001

Attention Please
          
          Pink Boyနဲ့ အဂျီစိုင်(Ajisai)ကို မျှေယ်နေကြတဲ့ကလေးတွေကို ဝမ်းနည်းစွာနဲ့ အသိပေးပါရစေ။ ကိုယ်စာပြန်ရေးဖို့ အချိန်လုံးဝမအားလို့ပါဗျ။ အလုပ်ကလည်း ခုမှနေ့စားဖြစ်နေတာကြောင့် ကိုယ်ပိုင်နားရက်မရသေးပါဘူး။ ပြီးတော့ ကိုယ် နူတ်ခမ်းနီအလှူပေးတဲ့ pageတစ်ခုနဲ့ချိတ်ဆက်ပြီး အလှူငွေရအောင် ကြိုးစားပေးနေရတာလည်း ပါပါတယ်။ ကိုယ့်ရဲ့Fbအကောင့်သိတဲ့ကလေးတွေကတော့ စာကြမရေးပဲ ပုံတွေပဲဆွဲနေတယ်လို့ အထင်လွဲနေမှာစိုးလို့ပါ။ ပုံတွေကအလှူရှင်လေးတွေကို လက်ဆောင်ပြန်ပေးနေရတာပါ။ တစ်ပတ်တစ်ပုံအမှီဆွဲပေးဖြစ်နေတာကြောင့် အလုပ်ကပြန်ရောက်လို့ဖုန်းကိုင်တာနဲ့ Artဘက်ကိုပဲ ရောက်ဖြစ်နေလို့ပါ။ 
          
          ကလေးတို့တွေလည်း ကိုယ်နဲ့ဆက်သွယ်ထားတဲ့DTD pageလေးမှာ နူတ်ခမ်းနီလေးတွေ လာရောက်လှူဒါန်းနိုင်ပါပြီ။ ကိုယ်pageမှမဟုတ်ပါဘူး၊ နူတ်ခမ်းနီအလှူကို အခြားpageတွေမှာလည်း တတ်အားသ၍ ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်။ ကိုယ်လည်းအလှူငွေထည့်ဖို့ အများအပြားမတတ်နိုင်တာကြောင့် တတ်အားသ၍ ပုံဆွဲတဲ့မတောက်တခေါက်ပညာလေးနဲ့ ကြိုးစားနေတာမို့၊ ကလေးတို့လည်း ရရာနေရာကကြိုးစားပေးစေချင်ပါတယ်။ ကိုယ်နည်းနည်းချင်းစီ စာရေးတဲ့ဘက်ကို အချိန်ပြန်ဖဲ့ပေးမှာမို့ မျှော်လင့်နေတဲ့ကလေးတွေ စိတ်ညစ်စေမိရင် တောင်းပန်ပါတယ်ဗျ။ စာအရှည်ကြီးဖြစ်သွားပြီ ဟဲဟဲ။ အာဘွားလက်ယူ