Kim_Moran
On A Rainy Dayကိုလေ updateတောင်းကြတာ တော်တော်များများတွေ့ရပါတယ် မရဲတရဲနဲ့ စတင်ခဲ့တဲ့ ကိုယ့်ပထမဆုံးလက်ရာလေးကို စာဖတ်သူများတယ်ဆိုတာသိရတော့ စိတ်ထဲကျေနပ်မိပြီး ကိုယ့်ကိုယ်ကိုလည်း အားပေးမိတယ် အဓိကပြောချင်တာက အခုမှစမှာပါ ကိုယ်က ကိုရီးယားကို Language Programသွားဖို့ ပြင်ဆင်နေဆဲပါ စာရွက်စာတမ်းအခက်ခဲတွေ ရုံးအခက်ခဲတွေနဲ့ Languageပိုင်းမှာပါ ဆက်တိုက် ဖိအားတွေရှိနေတာမို့ ဒီအတောအတွင်း ကိုယ့်ficတွေဘက်ကို မလှည့်နိုင်ခဲ့တာပါ တာဝန်မကျေသလိုလည်း ခံစားရတာမို့ အတတ်နိုင်ဆုံး အားတာနဲ့ စာပြန်ရေးဖို့ကို အတင်းတွန်းနေပေမယ့် စဉ်းစားထားတဲ့ plotတွေလည်း အကုန်blockဖြစ်နေတာမို့ အခုလို ဗြာများနေတဲ့အချိန်မှာ မသေမသပ်လက်ရာတွေမဖြစ်ချင်တာမို့ မိုရန် စာရေးတာကို ခဏနားလိုက်ပါတယ် ကိုယ်ကျောင်းလျှောက်ပြီး ဝင်ခွင့်ရတဲ့အချိန်ကြမှ အားမာန်အပြည့်နဲ့ plotကို သေချာပြန်စီစစ်ပြီး အကောင်းဆုံး story lineတစ်ခုကို ဖန်တီးပေးသွားပါမယ်လို့ အနူးညွတ်မေတ္တာရပ်ခံအပ်ပါတယ်ဗျ စောင့်မျှော်ပေးကြပါဦးလို့လည်း တောင်းဆိုချင်ပါတယ်ဗျ ။ စာဖတ်သူတို့လည်း ကျန်းမာရေးဂရုစိုက်ကြပြီး ကိုယ်ဝါဿနာပါရာ လုပ်ငန်းကိုင်ငန်း နယ်ပယ်အသီးသီးမှာ အောင်မြင်ကြပါစေဗျာ။