Maypwinthlwar
အရှေ့မှာထွက်ထားတဲ့ မြကျွန်းညိုမှလိပ်ပြာဝှက်တမ်းကိုကိုယ်ကWpထဲမရောက်တာကြာလို့မဖတ်ဖြစ်တော့တာလည်းကြာပြီဖြစ်လို့တကယ်မသိခဲ့တာ ဒီစာအုပ်ထွက်ခံနီးမှာ ကျွန်မကလည်း လွမ်းနေဆဲပါမြကျွန်းညိုဆိုတဲ့သီချင်းနားထောင်ပြီး ficလေးတစ်ပုဒ်ရေးချင်စိတ်ပေါ်လာလို့ အစပျိုးခဲ့တယ်ရယ် ဒါလည်းရေရှည်မရေးဖြစ်ပါဘူး နှစ်ပိုင်းလောက်ရေးပြီးမှာဘဲ အလုပ်တွေရှုပ်တာနဲ့ဆက်မရေးဖြစ်တော့ဘူး ခုထွက်တဲ့စာအုပ်နာမည်ကြီးနေတယ်တဲ့အိမ်ကညီမဖြစ်သူကလည်းဖတ်တော့ခေါင်းစဉ်ကြည့်လိုက်တော့ မြကျွန်းညိုမှလိပ်ပြာဝှက်တမ်းတဲ့ ကျွန်မခေါင်းစဉ်က မြကျွန်းညို ဆိုတော့copyကိစ္စတွေဘာညာဖြစ်လာမဆိုးလို့ကျွန်မဖျက်ချဖို့စိတ်ကူးထားခဲ့တာ ရေးထားတာလည်းနှစ်ပိုင်းဘဲရှိသေးတော့ ဒီကနေ့ကျွန်မဆီnotiတအားတက်လို့ဝင်ကြည့်မိတော့မှ readers က1.08kဖြစ်နေတယ် ကျွန်မမှာရှေ့ဆက်ရေးရမလား ဖျက်ပစ်ရမလားဆိုတာတွေဝေမိနေလေရဲ့ သေချာတာတစ်ခုကတော့စာရေးသူအားလုံးကို respect အပြည့်အဝထားလို့ copy ဘာညာတော့မရှိပါဘူးနော် ကျွန်မရဲ့မြကျွန်းညိုဆိုတဲ့ခေါင်းစဉ်အောက်မှာကအမျိုးသမီးလေးနှစ်ဦးဘဲပါဝင်ထားတာပါရှင့် နောက်ပြဿနာတွေဖြစ်လာမဆိုးလို့ကြိုရေးထားတာပါ ဖျက်ပေးဆိုဖျက်ပေးမှာပါရှင့်