parkjiwoon13
- ဟက်ပီးဘက်ဒေးပါ မမကီနို။ ကိစ္စလေးတွေနည်းနည်းများနေတာနဲ့ ပိစိလေးနောက်ကျသွားပါတယ်။ တယ်လီအကောင့်ကလည်းဘယ်ပျောက်သွားမှန်းမသိလို့ နောက်ဆုံးဒီကိုရောက်လာတယ်ပေါ့နော်။ အနီးနားလေး အချိန်ပြည့်မရှိနေနိုင်ပေမယ့် မြင်ရ၊ ကြားရတဲ့ နေရာလေးတွေကနေ သတင်းတွေလည်း နားစွင့်မိပါတယ်။ မီတို့ စာရေးဆရာမလေး နေကောင်းကျန်းမာရဲ့လား၊ အစစအရာရာ အဆင်မှပြေရဲ့လားပေါ့။ ကျန်းမာပျော်ရွှင်နေတာလေးပဲ မြင်ချင်ပါတယ်၊ ကြားချင်ပါတယ်။ မပျော်ရွှင်ရတဲ့အခါမျိုးတွေကြုံလာရင်လည်း ဒီကိုပြေးလာလို့ရပါတယ်။ အများကြီးမလုပ်ပေးနိုင်ရင်တောင် မမကီနိုရဲ့စကားသံတွေကိုနားထောင်ပေးမယ်၊ ဖက်ထားပေးပါ့မယ်။ ဘာနေနေ အနားရှိနေပေးပါ့မယ်ဆိုတာ ဒီအတိုင်းပြောခဲ့တာမဟုတ်ဘဲ တကယ်ကိုလိုအပ်ရင် မီတို့သုံးကောင်ဆီပြေးလာလို့ရပါတယ်နော်။ အမြဲ ကီနို့အနီးနားလေးမှာပဲ ရှိနေပါတယ်။ ချစ်တယ်။ မေတ္တာတွေနဲ့ ဖက်ထားပေးလိုက်ပြီမို့ မွေးနေ့ရှင်တစ်ယောက် လုံခြုံနွေးထွေးပါစေကွယ်။ ။
Noah-Gum
@parkjiwoon13 ချစ်တယ် ကလေးလေးရယ် တကယ်ပါ မမက အများကြီးချစ်ပါတယ်။ ဆုတောင်းတွေအတွက်လည်းကျေးဇူးလေးတွေ အများကြီးတင်ပါတယ်ကွယ်
•
Reply