"လူတွေရဲ့အကြည့်ထက် ကြောက်ဖို့ကောင်းတဲ့အရာက လူတွေရဲ့အကြည့်ကို ဂရုစိုက်တဲ့ ကိုယ့်စိတ်ပဲ" ဆိုတဲ့ စကားတစ်ခွန်းကို ကြားဖူးထားတယ်။
ကိုယ့်ကိုယ်ကိုယ် မတော်မထက် မထူးချွန်လို့ဆိုပြီး အခြားသူရှေ့မှာ သိမ်ငယ်ဖူးလား။ အခြားသူမျှော်လင့်ထားတဲ့ပုံစံအတိုင်း ကြိုးစားပြီး ရှင်သန်နေမိလား။
ဘဝခရီးလမ်းမှာ ကိုယ်တို့ဟာ အခြားသူမြင်ကွင်းထဲက ရှုခင်းတွေပါ။
ရာသီဥတုမှာ နေသာ မိုးအုံ့ရှိသလို ရှုခင်းမှာလည်း လှတာနဲ့ မလှတာရှိနိုင်ပါတယ်။
အခြားသူအမြင်ကို ကိုယ်တို့ပြောင်းလဲလို့ မရပေမယ့် ကိုယ့်စိတ်နှလုံးထဲက စံပြပုဂ္ဂိုလ်ဖြစ်လာဖို့ ကိုယ်တို့ ကြိုးစားအားထုတ်နိုင်ပါတယ်။
အခြားသူရဲ့အကြည့်ကို သိပ်ဂရုစိုက်လွန်းရင် ကိုယ်မကြိုက်တဲ့ပုံစံနဲ့ ဘဝကို ကိုယ်ဖြတ်သန်းနေရလိမ့်မယ်။
အခြားသူပြောတဲ့စကား စစ်မှန်မနေရင် ရယ်သာနေလိုက်ပါ။ သူပြောတဲ့စကားကို လွန်လွန်ကဲကဲ အဓိပ္ပာယ်သွားမဖော်ပါနဲ့။ ကိုယ့်နှလုံးသားထဲမှာ ပန်းတွေပဲ အပြည့်စိုက်ထားလိုက်ပါ။
ဘဝက တိုတောင်းလွန်းပါတယ်။ အခြားသူရဲ့အကြည့်အောက်မှာ ကိုယ့်ကိုယ်ကိုယ် မပျိုးထောင်ပါနဲ့။ အခြားသူရင်ထဲကကိုယ့်ကို အတင်းအကြပ် လုပ်မယူပါနဲ့။
💌
#နိုင်းနိုင်းစနေ
- BergabungFebruary 5, 2021
Daftar untuk bergabung dengan komunitas bercerita terbesar
atau
18 Daftar Bacaan
- Daftar Bacaan
- 41 cerita
- Daftar Bacaan
- 23 cerita