SilverQueen947

ဒီဇင်ဘာမှသည် paid 2 ပိုင်းမှာ ၁ ပိုင်းက ရေးပြီးပါပြီ။ နောက်တစ်ပိုင်းက ရေးလက်စပါ။ အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ ကျနော့် ကွန်ပြူတာ ပျက်သွားပါတယ်။ ဆိုင်က နားလည်မှုလွဲပြီး window တင်လိုက်တော့ အဲဒီရေးလက်စတွေအပြင် စာအုပ်ထုတ်ဖို့ဆိုပြီး စုထားတဲ့ S1 S2 main storyတွေ ပါ အကုန်ပါသွားပါတယ်။ အပြစ်တင်ချင်လည်း တင်ပါ ကျနော်ရဲ့ လွယ်လွယ်ကူကူ destop မှာပဲ file save တတ်တဲ့ အကျင့်ကြောင့် window တင်လိုက်ချိန်မှာ တစ်ခုမှ ပြန်မရခဲ့ပါဘူး။ မပြိုသောရဲ့ extra တွေရော၊ အခါလွန်ကြိုးရေးလက်စတွေပါ ပါသွားခဲ့တာပါ။ 
          	
          	ဆိုတော့ ကျနော် သောက်ရမ်း စိတ်ဓါတ်ကျပြီး အစကနေ ဘာမှ ပြန်မလုပ်နိုင်ခဲ့ပါဘူး။ အခု တစ်ဖက်မှာ fanfic တွေရေးနေတယ်ဆိုတာက ရုံးက ပေးထားတဲ့ ကွန်ပြူတာနဲ့ရေးနေတာပါ။ ဒါတွေကို ကျနော်နဲ့ နီးကပ်တဲ့သူတွေကိုပဲ ပြောပြထားဖြစ်ခဲ့တာမို့ မသိတဲ့သူတွေအနေနဲ့ ကျနော်က fanfic တွေကျ ထိုင်ရေးနေပြီး ဒီဇင်ဘာကို ထုတ်မပေးဘူးလို့ ထင်လာတာကို အားနာမိပါတယ်ဗျာ။ 
          	
          	ကျနော့်ရဲ့ စိတ်အခြေအနေက ဒီနှစ်အပိုင်းအခြားမှာ တော်တော်ကို ဆိုးရွားနေခဲ့တာ ကျနော်နဲ့ ရင်းနှီးသူတွေကတော့ သိထားပါတယ်။ ဒီအချိန်လေးမှာ ကျနော့်ကို ဆွဲတင်ပေးနိုင်တဲ့ ကြိုးအစသေးသေးလေးအဖြစ် OTP တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့်လည်း အာရုံလွှဲတဲ့အနေနဲ့ စိတ်အကုန်လုံးကိုနှစ်ပြီး Fanfic ကိုပဲ ကြိုးစားရေးနေခဲ့တာပါ။ 
          	
          	ဆိုတော့ ကျနော့် ဂျီကောင်တွေအနေနဲ့ အထင်အမြင်လွဲသွားတာတွေကို တောင်းပန်ချင်ပါတယ်။ ကျနော်က တကယ်ကို အဆင်မပြေနေတဲ့ ကာလဖြစ်လို့ အဆင်ပြေမယ်ထင်တာကို ရွေးလုပ်နေရုံပါပဲ။ ဒီလိုဆိုပြီး တခြားဇာတ်ကောင်တွေကို မေ့ထားတာမျိုး မရှိရပါဘူး ဒါလေးကို ယုံစေချင်တယ်။ 
          	
          	ကျနော်မွေးထုတ်ထားတဲ့ကလေးတွေကို ဘယ်တုန်းကမှ မေ့လျော့တယ်၊ ပေါ့ပေါ့ပျက်ပျက်လုပ်တယ်ဆိုတာ မရှိခဲ့မှန်း အမှတ်ရစေချင်တယ်။ ကျနော် အဲဒီကာလတွေတုန်းကလည်း အားလုံးနဲ့အတူ ပျော်ရွှင်ခဲ့၊ နာကျင်ခဲ့တာကိုလည်း သတိရစေချင်ပါတယ်။ 
          	
          	ဒီ paid 2 ပိုင်းကိုလည်း အစကနေ ပြန်ရေးပေးမှာပါ။ အချိန်ကြာနေပြီဆိုတာလည်း သိပေမဲ့ ကျနော့်အခက်အခဲကိုလည်း ပြောပြချင်ရုံပါပဲ။ ခဏလောက် ထပ်စောင့်ပေးပါဦးလို့ပဲ ပြောပါရစေ။ ရပြီဆိုတာနဲ့ လာပြောပေးပါ့မယ်။ အခုချိန်အထိ ညိုကြီးတို့အတွဲကို ချစ်ခင်သတိရပေးလို့ ကျေးဇူးပါ ဂျီကောင်တို့ရေ။ 

HtooHtoo232

@SilverQueen947 ဖြစ်တက်ပါတယ် အိရေ
          	  စိတ်ချမ်းသာဖို့နဲ့ကျန်းမာရေးကောင်းဖို့သာ အဓိကပါ ကိုယ်ရဲ့ အတွေးတွေကောင်းနေရွေ့ ရွှေလက်ပါဘဲ အိရေ
          	  ဂရုစိုက်ပါနော်
Reply

OSH_Lei

@SilverQueen947 ဒီလိုလေး အကြောင်းရင်း သိရရင် ရပါပြီ။ဒီလိုဆို ဘယ်ချိန်ထိ ဖြစ်ဖြစ် စောင့်နေနိုင်ပါတယ်
Reply

Jeonchikook

မပြိုသောကောင်းကင် မကြွေသောကြယ်ကို ဖတ်ပြီး ငိုရတာသာသာရဲ မျက်ရည်တောင်မကျန်တော့ဘူး အရမ်းလည်းကြိုက်ပါတယ်လို့ ❤️

SilverQueen947

@Jeonchikook ကျေးဇူးပါဗျာ
Reply

Heaven1222

The unfading Oaths လေး
          မျှော်နေတာ❣️❣️
          Up ပေးပါအုံးနော်
          မေ့များနေပီလားလို့

Heaven1222

@SilverQueen947 
            ဟုဟု
            မျှော်နေမယ်❣️❣️❣️
Reply

SilverQueen947

@Heaven1222 မမေ့ဘူးနော် ကျနော် အလုပ်များနေလို့ပါ။ သေချာပေါက် update ပေးပါ့မယ်
Reply

tessa131409

Keonhyeon fic လေး‌ရေးစေချင်လိုက်တာရှင်

tessa131409

@tessa131409 ဟော.. အမြဲသတိရနေတာပါနော်
Reply

SilverQueen947

@tessa131409 သတိရပေးလို့ ပျော်ပါတယ်တော်
Reply

Ahgase8220

မမအိကျိရေ မျက်စဉ်းဝယ်ပေးတော့မနေ့ညကငိုလိုက်ရတာမျက်လုံးတွေတောင်အောင့် နှစ်ခါပြန်ဖတ်တော့နှစ်ခါခံစားရတယ် မမရဲ့ficနှစ်ပုဒ်လုံးကိုအရမ်းကြိုက် နှစ်ပုဒ်လုံးကမတူညီတဲ့ခံစားချက်ကိုပေးတယ် အရမ်းကြိုက် ညီမကwpလောကထဲကိုမပြိုသောနဲ့စတင်ခဲ့တာဆိုတော့မပြိုသောကိုအရမ်းမြတ်နိုးရတာ SIDကိုလည်းမလျော့ဘူးမြတ်နိုးရတာဆိုတာလေ❤️❤️❤️ချစ်တယ်မမရေဂရုစိုက်ပါနော်

SilverQueen947

@Ahgase8220 aigooo ချစ်စရာလေး
Reply