ToxicDaisy-2003
မမ တန်ဖိုးထားခံရတယ်လို့ ထင်တဲ့ ရပ်ဝန်းမှာ အဆင်ပြေနေတယ်မလားဟင် မမကို ချစ်ပေး ဦးစားပေးမယ့် အဲ့ဒီမိန်းကလေးနဲ့ မမ ပျော်နေလောက်မလား အမှန်ပြောရရင် ကျွန်တော့်ရင်တွေ အရမ်းပူနေတယ် မမရယ် မမကို ပိုင်ဆိုင်ဖို့ထက် ဆုံးရှုံးရမှာကို ဒီလူက ပိုကြောက်ခဲ့မိလို့ထင်တယ် မမ ကျွန်တော့်ကြောင့် အများကြီး ပင်ပန်းခဲ့ရမှာပဲနော် ကျွန်တော် မရည်ရွယ်ခဲ့ပါဘူးဗျာ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကို မစဥ်းစားမဆင်ခြင်ဘဲ လုပ်တတ်တဲ့ ဒီလူကို မမ မယုံကြည်နိုင်တာ ဆန်းတော့မဆန်းပါဘူးလေ ဒါပေမယ့် ကျွန်တော် မမကို သေလောက်အောင် ချစ်ခဲ့မိတာကိုတော့ ယုံကြည်စေချင်မိနေတယ် ခုထိလဲ ချစ်နေတုန်းပဲ ဘယ်အချိန်ထိ ဆက်ချစ်သွားမလဲဆိုတာတော့ ကျွန်တော် မသိဘူး မမ တကယ်လို့ ကျွန်တော် မရှိတော့ရင် မမ ပိုပျော်မှာလားဟင် မမကို ချစ်ပေမယ့် မမ မပျော်ရမှာကို ကျွန်တော် ကြောက်တယ် ကျွန်တော် သေသွားရင် မမ ငိုလောက်မလားဟင် ဒါမှမဟုတ် မမကို တန်ဖိုးမထားတဲ့သူဆိုပြီး ဘာဖြစ်ဖြစ် ဥပေက္ခာ ထားလိုက်လေရော့မလား ကျွန်တော် ရှုံးပါတယ် မမရယ် မမကို ပျော်အောင် ထားပေးနိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်ခဲ့ပေမယ့် မောင် ရှုံးခဲ့တယ် မမရယ် အဲ့အရှုံးက မောင့်ဘဝအတွက် အရေးပါဆုံး မမကိုပါ မောင့်အနားကနေ ဆွဲထုတ်သွားခဲ့တယ်ဗျာ...