
UrsaMajor7
စာဖတ်သူတွေကို ပြောစရာရှိလို့ပါ ။ စာနည်းနည်းရှည်ပါမယ် ။ Wishing To You ကို သေသေချာချာလေး ဖတ်ပေးကြပြီး ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့ ထပ်တူထပ်မျှလိုက်ခံစားပေးတာကို ကျေးဇူးတင်ပေမယ့် ဇာတ်ကောင်ကိုဆဲတာကတော့ အဆင်မပြေပါဘူး ။ Jiminie က အဆဲခံရလောက်တဲ့ ဇာတ်ကောင်မျိုး မဟုတ်တဲ့အပြင် အပြင်မှာ လက်တွေ့ရှိနေတဲ့ လူတစ်ယောက်ပါနော် ။ မနက်က အဲ့ဒီ cmt ကို မြင်မြင်ချင်း ကိုယ်တော်တော်ကို စိတ်ဆိုးသွားတာပါ ။ Jiminie မှမဟုတ်ဘူး ။ ဘယ် Member ကိုပဲဖြစ်ဖြစ် အဲ့ဒီလို ရင့်ရင့်သီးသီးပြောဆိုတာမျိုး လုံးဝကို မကြိုက်ပါဘူး ။ Member တစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုတာမျိုးက ကိုယ် Sensitive အဖြစ်ဆုံးအရာပါ ။ fb မှာ fri ဖြစ်နေတဲ့သူတွေ သိပါလိမ့်မယ် ။ Member တစ်ယောက်ယောက်ကို ဆဲဆိုတာမျိုးမပြောနဲ့ ထိကပါးရိကပါး ရှိတ်ရင်တောင် နည်းနည်းလေးမှ သည်းမခံနိုင်ဘဲ unfriend / Unfollow / Block လုပ်တဲ့သူပါ ။ အဲ့ဒီလောက်အထိတောင် Sensitive ဖြစ်ပါတယ် ။ အခုက fiction ဖြစ်တာ ကြောင့်ရော ၊ ဇာတ်လမ်းအပြည့်အစုံကို မသိသေးတာ ကြောင့်ရော ၊ ခံစားချက်တွေလွန်ကဲနေတာကြောင့်ရောလို့ မှတ်ယူပြီး acc ကို မ mute ပဲ ထားပေးလိုက်ပါတယ် ။ cmt ကိုလည်းဖျက်လိုက်ပါပြီ ။ acc ပိုင်ရှင်ကိုလည်း လုံးဝမကြိုက်ကြောင်း သေချာပြောပြီးပါပြီ ။ အကယ်၍ စိတ်ဆိုးသွားရင်လည်း မတတ်နိုင်ပါဘူး ။ ကိုယ် တကယ်ကို မကြိုက်တဲ့အရာမို့လို့ ။ ( ကျန်တာကို cmt မှာ ဆက်ဖတ်ပါ )

lka__thv
@UrsaMajor7 ကျွန်တော်ဆို ပင်လယ်တုန်းကအဲ့လိုပဲမကြီးရေ၊ သောက်ကျိုးနည်းစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာ
•
Reply

srisforkm
ဘာပြောရမှန်းတောင်မသိတော့ဘူး fic ကို fic လို့ပဲဖတ်ဆိုပေမယ့် ယူတို့ဖတ်နေတာ fanfic ပါသငခလေးတို့ရေ ကိုယ့် idol ပါဝင်တဲ့ fantasy world, parallel world ကိုပုံဖော်ကြတာပါ ပြီး မကြီးရဲ့ ဘယ် mc ကမှ ဆိုးသွမ်းနေတဲ့ character မရှိတာကို ဆော်ကဲစရာဘာအကြောင်းမှ မရှိနေပါဘူးနော်
•
Reply

UrsaMajor7
နောက်တစ်ခုက ဇာတ်ကောင်တွေအကြောင်းပြောရရင် ကိုယ့် fic တွေကိုဖတ်ဖူးသူတိုင်း သိပါလိမ့်မယ် ။ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူတွေနိမ့်ကျလို့ ဘယ်လိုမှ လက်မခံနိုင်လောက်တဲ့ Character မျိုး တစ်ခုမှမရှိသလို ဆဲရမယ့် Character မျိုးလည်း တစ်ခုမှမရှိပါဘူး ။ နောက်နောင်လည်း အဲ့ဒီလို Character မျိုးတွေ ဖန်တီးမှာမဟုတ်ကြောင်း အာမခံပါတယ် ။ အဲ့ဒါကြောင့် ကိုယ်နောက်ရေးမယ့် ဇာတ်လမ်းတွေကို ဖတ်မိခဲ့သည် ရှိသော် cmt ရေးတဲ့အခါ စကားလုံးအသုံးအနှုန်းကို ဆင်ခြင်ပေးကြဖို့ Request လုပ်ပါရစေ ။ တွေ့ခဲ့ရင် အမေးအမြန်းမရှိ mute မှာပါ ။ ကိုယ်တစ်ခါမှ ဒီလောက်အထိစိတ်မဆိုးဖူးပါဘူး ။ အရင်တုန်းက Update ကြာလို့ စာဖတ်သူတွေ ဝိုင်းပြော ဝိုင်းစရင်လည်း ဘယ်လိုမှသဘောမထားတဲ့ သူပါ ။ ဒီရပ်ဝန်းလေးက အမြဲတမ်းအေးချမ်းပြီး စိတ်ချမ်းသာရတဲ့နေရာလေးဖြစ်လို့ တော်ရုံတန်ရုံ စိတ်အနှောင့်အယှက်လောက်ကတော့ ဒီအတိုင်း ကျော်သွားခဲ့တာချည်းပါပဲ ။ စာဖတ်သူတွေနဲ့ ကိုယ်နဲ့ကြားက Bond လေးကို တန်ဖိုးထားတာမို့လို့ ဘာအထိအခိုက်မှမရှိဘဲ အချိန်အကြာကြီးအထိ ဒီအတိုင်းလေး ရှိချင်ပါတယ် ။ ကိုယ့်အနေနဲ့ သဘောကောင်းတယ်ဆိုတာ အတိုင်းအတာရှိတဲ့အတွက် ဘေဘီတို့လည်း ဘီလူးဆိုင်းတီးပြီး ဘီလူးက,ကနေတဲ့ အာဆာ့ကို မတွေ့ချင်ကြပါနဲ့နော် ။ တကယ်က Wishing To You က ၂ ပိုင်းပဲ update ဖို့ ကျန်တော့တာမို့လို့ ဒီနေ့ညတစ်ပိုင်း မနက်ဖြန်တစ်ပိုင်း အပြီး update သွားဖို့စဥ်းစားထားပေမယ့် အခုက စိတ်အဆင်မပြေတော့လို့ မနက်ဖြန် စနေနေ့တစ်ပိုင်းနဲ့ ဗုဒ္ဓဟူးရောက်မှ နောက်ဆုံး Epilogue ဆိုပြီး ပုံမှန်ပဲ update ပါတော့မယ် ။
•
Reply