janara_06

          	
          	
          	

Hello,ကျွန်တော်က နေးရာသွေးပါ။ အခုလက်ရှိ ရာသီဥတုအခြေအနေတွေနဲ့ ရေဘေးအကြောင်း သိကြမှာပါ။ ကိုယ်က လှူချင်၊ ကူချင်တယ် ဒါပေမဲ့ အပိုဝင်ငွေလည်းမရှိဘူးဆိုရင် post လေးတွေ share ပေးတာကလည်း အကူအညီဖြစ်စေပါတယ်နော်။ ကိုယ်က ပုံလေးလိုချင်လို့ အပ်ဖို့အတွက်စုထားတာပဲရှိရင်လည်း artist အတော်များများက commission ဖွင့်ပေးထားကြပါတယ်ရယ်။ ကိုယ့်ဆီမှာလာကူချင်ရင်လည်း ၅၀၊ ၁၀၀ ကစပြီး လာကူလို့ရပါတယ်။ ကျွန်တော့် tele user က @CorLia_06 ပါ။
          
          ကိုယ်တိုင်ကိုယ်ကျသွားကူမဲ့ကလေးတွေကလည်း ရေကြီးတဲ့ဒေသတွေမှာ အလိုအပ်ဆုံးက ရေသန့်ပါနော်။(များနိုင်သလောက်များများပါသွားနိုင်လေ ပိုကောင်းလေပါပဲ)ပြီးတော့ စောင်ပါးလေးဖြစ်စေ၊ အဝတ်အစားဖြစ်စေ လိုအပ်ပါတယ်။ အဆင်ပြေရင် ဖယောင်းတိုင်၊ မီးခြစ် အစရှိသဖြင့်လည်း ထည့်ကူပေးပါ။ ပြီးတော့ ခေါက်ဆွဲခြောက်ထုပ်တွေအစား ထမင်းထုပ်လေးဖြစ်ရင် ပိုပြီး သူတို့အတွက်အသုံးဝင်ပါတယ်။ ရေပြန်မကျသေးတဲ့အခြေအနေဆို ထင်းမရှိ၊ ရေနွေးမရှိနဲ့ ခေါက်ဆွဲခြောက်ကတော်ရုံအဆင်မပြေစေလို့ပါ။ အလှူကိုကန့်သတ်တာမဟုတ်ပါဘူး။ ထမင်းထုပ်ပေးဖို့အဆင်မပြေရင်လည်း ပေါင်မုန့်လေးတွေပေးလို့ရပါတယ်။ 
          
          ကိုယ့်စာဖတ်သူလေးတွေလည်း ဂရုစိုက်ကြပါနော်။ ဘေးအန္တရာယ်အပေါင်းက ကင်းဝေးကြပါစေ။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရရွှေ့ရရင် တိလေးတွေ၊ မြောင်လေးတွေကို ပါအောင်ခေါ်ပေးကြပါနော်။
          
          မကြာခင် fic အသစ်လေးတွေနဲ့ ပြန်လာခဲ့ပါ့မယ်။