mhuuyee_08
ဒီနေ့ လီဆွေ့တို့ကို ထပ်ပြီးတော့ပြန်ဖတ်ဖြစ်ခဲ့တယ်။
ပထမဆုံးဖတ်ဖြစ်ခဲ့တာက ၂၀၂၂မှာဖြစ်လောက်မှာ။
မတိုင်ခင်က သုံးခါလောက်အထိပြန်ဖတ်ဖြစ်ခဲ့မှာသေချာပါတယ်။ဒီတစ်ခါနဲ့ဆိုရင်တော့ လေးခေါက်မြောက်ပေါ့။သဘောကျမိရတာက လီဆွေ့အပေါ်ထားတဲ့ လုရှန်းရဲ့စိတ်နေသဘောထားနဲ့လီဆွေ့ရဲ့ လုရှန်းအပေါ်ထားတဲ့ချစ်ခြင်းတရားကိုလေ။ အရမ်းကိုမြတ်နိုးဖွယ်ရာကောင်းတယ်လို့ခံစားမိတယ်။ပထမဆုံးဖတ်ခဲ့တုန်းကခံစားချက်တွေကို ဝေဝေဝါးဝါးမှတ်မိနေပါသေးတယ်။လုရှန်းသေသွားမှာ SEဖြစ်သွားမှာကို စိတ်ပူခဲ့တာလည်းရှိပြီး၊ ဖြစ်ခဲ့ရင်ငိုဖို့ မျက်ရည်ရော တစ်ရှူးပါအသင့်ပြင်ထားတဲ့အထိ၊ မျက်လုံးတွေနာတဲ့အထိကိုငိုဖို့ဖြစ်ခဲ့တယ်။ဒါပေမဲ့ HEဖြစ်သွားခဲ့လို့ မငိုလိုက်ရလို့ စိတ်မကောင်းပေမဲ့ တကယ်ပျော်ခဲ့ပါတယ်။အဲ့ဒီတုန်းက ဖတ်ခဲ့တဲ့chinese novelတွေ ဆယ်ပုဒ်မှာ နှစ်ပုဒ်လောက်ပဲ SEဆိုပေမဲ့ အကုန်လုံးကိုမျက်ရည်တွေနဲ့ပဲကျော်ဖြတ်ပြီးမှရလာရတဲ့ HEတွေဆိုတော့ကာ နှလုံးသည်းပွတ်ဖြစ်ရတဲ့ဝတ္ထုတွေချည်းဖြစ်ခဲ့ရတော့တာပါပဲ။လီဆွေ့ကိုမြင်ရင် ရှောင်ဝမ်ကိုသတိရမိတယ်။
သူတို့နှစ်ယောက်လုံးကလေ တကယ့်ကိုသူတို့လောင်ဖောတွေရဲ့ golden retriever ကြီးတွေမလို့လေ။
သတိရမိပါတယ် များစွာသောအမှတ်တရများရယ်။
https://www.wattpad.com/story/391890365?utm_medium=link&utm_source=android&utm_content=share_reading