myuhninyate_
စာဖတ်သူများဆီသို့ ~
Hello San ပါㅠㅠ
အကြာကြီးပစ်ထားမိလို့ တောင်းပန်တာကနေ အရင်စချင်ပါတယ် ။ San စာတွေအရမ်းပိနေတာကြောင့် စာရေးတဲ့ဘက်ကို လှည့်ဖို့ အချိန်ရမနေတာ အခုထိပါပဲ ။ စောင့်နေတဲ့လူတွေလဲ ရှိနေလောက်မယ်ထင်လို့ ဒီစာလွှာလေးကို ရေးရခြင်းပါ။ San စာတွေကို ပြန်ရေးမှာပါ အနားယူသွားတာမျိုးမဟုတ်ပါဘူး ။ သို့သော် Comeback လာဖို့ကတော့ 3 လလောက်တော့ ကြာနိုင်ပါသေးတယ် ။ Sanရဲ့ မပြည့်မစုံဖန်တီးမှုလေးတွေကို စောင့်နေတဲ့လူတစ်ဦးတစ်ယောက်ချင်းစီကိုလဲ San က အရမ်းကျေးဇူးတင်ရပါတယ် ။ San 3လအကြာမှာ စာမေးပွဲဖြေပြီးတဲ့အခါ သေချာပေါက် Sanရဲ့ကလေးတွေကို ပြန်အသက်သွင်းပါ့မယ် ။ အဲ့အချိန်ထိ စောင့်မျှော်နေပေးမယ်ဆိုရင်တော့ ပိုလို့တောင် ကျေးဇူးတင်မိမှာပါပဲရှင် ။ ဆိုတော့ အားလုံးကို ချစ်ပါတယ် ။ နောက်ကျနေလောက်ပြီဆိုပေမဲ့ San ရဲ့ စာဖတ်သူအားလုံး နှစ်သစ်မှာ ပျော်ရွှင်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ♡
ချစ်ခြင်းများစွာဖြင့်
-SAN-