pyaepyae21112021
Hello ပြည့်ရဲ့ရီဒါလေးတွေရေ
မကြာခင်ပဲ နှစ်သစ်ကိုရောက်တော့မယ်ဆိုတော့
ပျော်ရွှင်ဖွယ် နှစ်သစ်လေးတစ်နှစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ
ဒီတစ်နှစ် ရီဒါလေးတွေ အခက်အခဲတွေအများကြီးကြုံခဲ့ကြပြီး ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ယုံကြည်တယ်
ပြည့်ကိုယ်တိုင်လည်း ကိုယ်နိုင်ငံမဟုတ်တဲ့ တခြားနေရာမှာ ရောက်စထဲက အခက်အခဲတွေ့ကြုံခဲ့ရတယ် ဘာသာစကား၊အလုပ်အကိုင်၊လူမှုအပေါင်းအသင်း အစစအရာရာပါပဲ
ဒါပေမယ့် ပြည့်အများကြီး ကြိုးစားပြီးကျော်ဖြတ်ခဲ့တယ်လို့ထင်ပါတယ်
ဒီတစ်နှစ်ကိုတော့ မလွယ်ကူခဲ့ပေမယ့် အများကြီးကြိုးစားခဲ့လို့ ကိုယ်ကိုယ်အနည်းငယ်ဂုဏ်ယူပါတယ်
ရီဒါလေးတွေလဲ ကိုယ်လုပ်နိုင်ခဲ့တာတွေကိုတွေးပြီး ဂုဏ်ယူပါနော်
မအောင်မြင်ခဲ့တာတွေကိုတော့ အတွေ့အကြုံလို့ မှတ်ယူပါ
အဟမ်း အားပေးစကားပြောပြီး ဒါကတော့ စပ်စုချင်တာလေးပေါ့နော်
ဘယ်သူတွေ ခုံအောက်များဝင်ပြီး စပျစ်သီးစားဖို့ပြင်ဆင်နေကြသလဲ ပြောကြပါဦး ဟီး
ပြီးတော့လေ ရီဒါလေးတို့ lucky ranking ကြည့်ကြလားဟင် ပြည့်ကတော့2026မှာ 300ကျော်တောင်ကျပါတယ်ရှင့် ဒီနှစ်က18ပေါ့နော်
တော်တော်ကိုခုန်ဆင်းသွားတာ
အဲတာကြည့်တဲ့သူ ရှိရင်ပြောခဲ့ကြပါဦး အဖော်ညှိမလို့ အဟား
ဒီနှစ်ကတော့ အသားမကျသေးတာတွေရယ်ကျောင်းကိစ္စတွေရယ်ကြောင့် စာမရေးဖြစ်ဘူးနော် အခုကစ ရေးဖြစ်အောင်ပြန်ကြိုးစားကြည့်ပါမယ်နော် အားပေးကြပါဦးရှင့် အားဘွား အမြဲချစ်တယ်နော်❤️ #SaungYoonEain #31.12.2025(22:25)