soung8577

ပြောပြစရာလေးရှိပါတယ်
          	Leonine Publishing Area စာအုပ်တိုက် နှင့် လက်ခံပြောဆိုထားတဲ့
          	Inversely Proportional (ပြောင်းပြန်အချိုးကျခဲ့သော) ဒုတိယအကြိမ် ထုတ်ဝေမှုနှင့် "crush ကိုဒီလိုလိုက်မယ်" ဆိုတဲ့ စာအုပ်လေးတွေက ထုတ်ဝေမှု ရပ်စဲလိုက်ပါတယ်။
          	
          	ဒီနှစ်ထဲ စီစဥ်စရာ ကိစ္စလေးတွေရှိတာကြောင့်  အမှတ်တရထားချင်ခဲ့တဲ့စာအုပ်လေးတွေကို စာအုပ်တိုက်နဲ့ပြောဆိုချိတ်ဆက်ပြီး စာရေးသူအနေနဲ့လုပ်ဆောင်ရမယ့် ကိစ္စတွေကို ဒီမှာရှိနေတုန်းမှာ အကုန်အပြတ်ဖျက်ခဲ့ချင်ပေမယ့် အခုလို အခက်အခဲလေးတွေကြောင့် မသေချာဖြစ်သွားရတဲ့အတွက် တကယ်ကိုအားနာရပါတယ်။
          	
          	နောက်တစ်ခုက 
          	Inversely Proportional (ပြောင်းပြန်အချိုးကျခဲ့သော) ဒုတိယအကြိမ်အတွက် cover (1+2+Box) ပါ အစအဆုံး အကုန် ဆွဲပြီးခဲ့ပြီးသားမလို့ ဘယ်လိုဆက်လုပ်ရင် အကောင်းဆုံးဖြစ်မလဲ ဝေခွဲမရဖြစ်နေပါတယ်။
          	
          	ယခင်တိုက်နှင့် တက်နိုင်သမျှအကောင်းဆုံးဖြစ်အောင် အတူကြိုးစားခဲ့ပြီး ဆောင်းဘက်က စာအုပ်နှင့်ပတ်သက်ပြီး လုပ်ချင်တာလေးတွေကို  ပြောဆိုပြီးသားတွေဖြစ်တာကြောင့် အခုက စီစဥ်ထားတာလေးတွေကိုဆက်လုပ်ဖို့ ပိုအခက်တွေ့နေရပါတယ်။
          	
          	ဒီကြားထဲမှာ အခြားတိုက်တစ်ခုနဲ့ ညှိနှိုင်းပြီး လက်တွဲဖြစ်ခဲ့ရင်တော့ ပြန်ပြီးအသိပေးပါ့မယ်။ မျှော်နေပေးကြတဲ့ တစ်ယောက်ချင်းစီကိုကျေးဇူးတင်သလို မသေချာဖြစ်သွားရတဲ့အတွက် အားနာရပါတယ်။ 
          	
          	အကယ်၍ ဒုတိယအကြိမ် မထုတ်ဖြစ်တော့ရင်လည်း wattpad မှာ ဒီအတိုင်းပဲ ရှိနေမှာပါ။ 
          	ချစ်ပေးကြတဲ့တစ်ယောက်ချင်းဆီတိုင်းကို အများကြီးတင်ပါတယ်။
          	

levvtourheart

@soung8577 Inversely proportional လေးကို အိမ်ခေါ်ထားချင်တာ 
          	  အရင်ကမမီလိုက်လို့
Ответить

phooxo12

@Soung2514 Soung ရေလို့ အမှတ်တရလေး အမြတ်တနိုး သိမ်းထားချင်လို့ပါ စဥ်းစားပေးပါအုန်းနော် IP❤ နဲ့ Crush ❤လေးကိုလေ 
          	  အားမနာနဲ့နော် Soung အဆင်ပြေသလို လုပ်ပါ ❤
Ответить

Scorpio4488

Inversely proportional ကိုဖတ်တာ 6ကြိမ်မြှောက်ပါ ငိုရတာလည်းဖတ်တိုင်းပါပဲ ဒီလို plot လေးထပ်ရေးပေးပါဦး သာသာ