winnie_mint614
Complete ဖြစ်ပြီးသော 'တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့ လေတံခွန်' ကိုလည်း အပိုင်းအားလုံးကို Unpublish လုပ်ပြီး တစ်ပိုင်းချင်းစီ publish ပြန်လုပ်ပေးမှာဖြစ်ပါတယ် ။
Ongoing များဖြစ်ကြသော ' Rewrite The Star ' နဲ့ 'ပင်လယ်ရိပ်မှာ မြူးသည့်တိမ်' ကိုလဲ ဒီနည်းအတိုင်းပဲ ဆောင်ရွက်မှာဖြစ်ပါတယ် ။
နိုဟာ ရာတောင်မကျော်နဲ့ Followers လေးနဲ့ ရပ်တည်နေတဲ့ အငယ်စား စာရေးသူတစ်ယောက်ဖြစ်ပါတယ် ။
စာဖတ်သူ 1k ပြည့်ဖို့ကို အပိုင်း (20) ကျော်လောက်ထိ ရေးရတဲ့သူလဲ ဖြစ်ပါတယ် ။
နို ရေးတဲ့စာတွေက hit ဖြစ်တဲ့ထဲလဲမပါပါဘူး ။
ဒါပေမဲ့ နိုလာ့မှာ စာဖတ်သူ (၁၀) ယောက်လောက်ပဲရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒီ (၁၀) ကို သန့်ရှင်းတဲ့သူ ၊ တာဝန်ကျေတဲ့ သူတွေသာ ဖြစ်စေချင်ပါတယ် ။
နိုတို့ဟာ အများကြီးပေးဆပ်ပြီးသွားခဲ့ပါပြီ ၊ ရှေ့ဆက်ပြီးလဲ ပေးဆပ်ရပါဦးမယ် ၊ တာဝန်တွေကျေရပါဦးမယ် ။
ဒါဟာ နိုတို့အားလုံးအတွက် သမိုင်းကပေးအပ်တဲ့ တာဝန်ပါပဲ ။ ဒါ့ကြောင့် နိုတို့ဟာ အသက်ရှင်နေသရွေ့ တတ်နိုင်တဲ့ အားလေးနဲ့ ပါဝင်ရပါမယ် ။
နိုလာ့ရဲ့စာတွေကို ဖတ်တဲ့သူဟာ အရင်ကတည်းက နည်းပါတယ် ၊ ထပ်နည်းပြီး တယောက်မှမရှိတော့ရင်လဲ နို ဖတ်ဖို့အတွက် နိုဘာသာပြန်ရေးတယ်လို့ သဘောထားပါ့မယ် ♡
နိုလဲ တာဝန်ကျေချင်သလို နိုလာ့ရဲ့စာဖတ်သူတွေကိုတာဝန်ကျေစေချင်တယ် ၊ နိုတို့အားလုံး တတ်နိုင်သလောက် ရုန်းကန်ကြပါမယ် ။
တလရ မပြီးမချင်း နို ဒီစနစ်ကိုပဲ ကျင့်သုံးသွားပါ့မယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ♡
By K.CanolaCole_614
(25.07.2022 ️)