အကောင်းမြင်ဝါဒကို ကိုင်စွဲထားတဲ့ ဆရာကြီး နော်မန်ဗင်းဆင့်ပီးယဲလ်က ပြောဖူးတယ်။
ခရစ္စမတ်ဟာ ကမ္ဘာမြေပေါ်က အရာခပ်သိမ်းကို လှပနူးညံ့သွားစေသတဲ့။သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ မှန်သမျှတို့ဟာ ခရစ္စမတ်ရဲ့ အရှိန်အဝါအောက်မှာ ပျော့ပျောင်းသိမ်မွေ့စွာ ညွတ်ကျိုးသွားရတယ်လို့ ဆိုတယ်။
အဲ့ဒီထဲမှာ အေးစက်မာကြောနေခဲ့တဲ့ ရေခဲစိုင်တွေလို ကိုယ့်ခံစားချက်တွေလည်း ပါခဲ့တယ်ထင်ပါရဲ့။
__________________Heart of My Present
သူနှင့် ဂျွန်သည် ထိုလွန်ခဲ့သည့် ခရစ္စမတ်မှ စ၍ ပိုပြီး နီးစပ်ခင်မင်လာခဲ့ကြသည်။
ဂျွန်သည် တစ်ခါတစ်ရံတွင် သူ့အိမ်ကို လာလည်တတ်သလို သူကလည်း မကြာမကြာ ဂျွန်နှင့် အပြင်ထွက်တတ်သည်။သို့ပေသိ ပြီးခဲ့သည့် ဒီဇင်ဘာကလိုတော့ စိတ်ရှိတိုင်း အတူတူ အချိန်ဖြုန်းလို့ မရတော့။ဂျွန့်ဆီမှာ အချိန်ပိုင်းအလုပ်ပေါ်လာပြီဖြစ်သဖြင့် သူတို့၏ တွေ့ဆုံမှုသည် တစ်ပတ်တွင် နှစ်ရက်ခန့်သာ ဖြစ်လေသည်။အဲ့သည်လို နေ့မျိုးဆိုလျှင်တော့ သူတို့နှစ်ယောက် ညလုံးပေါက် ထိုင်၍ စကားတွေပြောကြပြီး ဂျွန်က သူ့အိမ်မှာ အိပ်ရစမြဲပင်။
ဆော့ဂျင်သည် အလုပ်ကနေ အပြေးပြန်လာသော ဂျွန့်ကို ညစာပြင်ပေးရန် အဒေါ်ကြီးကို ပြောနေရ၏။ဂျွန်ကတော့ သူဝယ်လာသော ကိတ်ကို ပန်းကန်ထဲသို့ ပြောင်းထည့်ကာ ဆော့ဂျင်ရှေ့ကို ထိုးပေးလာသည်။
“ကိတ်လား။ညစာစားပြီးမှ စားမယ်လေ”
“နည်းနည်းလောက် မြည်းကြည့်ပါဦး။ကျွန်တော်က ဆော့ဂျင်ကြိုက်တယ်ဆိုလို့ Vanillaအရသာနဲ့ဟာ ဝယ်လာတယ်”
သူသည် ကျေနပ်စွာ ပြုံးလိုက်မိသည်။လူတိုင်းသည် ကိုယ့်အကြိုက်ကို မပြောဘဲ မှတ်မိနေတတ်သည့် သူတစ်ယောက်ကိုတော့ လိုချင်စမြဲပင် မဟုတ်ပါလား။
အေးမြသည့် ကိတ်လေးက သူ့လျှာဖျားပေါ်တွင် ပျော်ဝင်သွားပြီးနောက် သူဂျွန့်လက်ကို ဆွဲလျက် ပြောလိုက်သည်။
“ကျေးဇူးပါပဲ…….စားကောင်းတယ်"
သူတို့နှစ်ယောက် ညစာစားကြပြီးတော့ ဆော့ဂျင်အခန်းထဲသို့ နေရာပြောင်းခဲ့ကြသည်။ဂျွန်က သူ့ကျောင်းတွင် ကြုံခဲ့ရသည့် တစ်နေ့တာကိစ္စများကို ပြောပြနေသည်။
YOU ARE READING
Heart of my Present(Eden Contest)
Fanfictionသန်းခေါင်ယံအချိန်ရဲ့ နှင်းတွေကြားထဲ လမ်းပျောက်နေတဲ့ ကိုယ့်ကလေးငယ်....ကိုယ်မင်းအတွက် ဆန်တာဆီက လက်ဆောင်ယူခဲ့တယ်။ "မျှော်လင့်ချက်"ဆိုတဲ့ မီးစာလေးတစ်စပေါ့ ထာဝရအတွက်လေ။ Cover by Jaejoong Htike