"ဒီအိမ်မှာ နေသွားတဲ့ ကင်နမ်ဂျွန်လား။မနေ့ကလေးတင် အိမ်ရှင်ကို ကမန်းကတန်း သော့ပြန်အပ်ပြီး တက်သုတ်ရိုက် ပြောင်းသွားတာပဲကွယ်။ကောင်လေးကြည့်ရတာ ရည်ရည်မွန်မွန်လေးပါပဲ......ရာဇဝတ်မှုတွေ ဘာတွေနဲ့ ငြိစွန်းနေတာမျိုးလည်း မရှိကောင်းပါဘူး"
သူသည် သဘောကောင်းသည့် ထိုအမျိုးသမီးကြီးနှင့် စကားပြောပြီးနောက် သက်ပြင်းမောကြီးကို ချလိုက်မိသည်။ထိုအမျိုးသမီးကြီးကလည်း သူ့ကို သနားသလို ကြည့်လာ၏။
သူမသည် အေးစက်နေပုံပေါ်သည့် သူ့ကို အိမ်ထဲဝင်၍ ကော်ဖီနွေးနွေးလေး တစ်ခွက်သောက်ဖို့ ဖိတ်ခေါ်သည်။သူ ယဉ်ကျေးစွာ ငြင်းလိုက်ပြီး ထိုနေရာမှ ထွက်ခဲ့တော့၏။ထို့နောက် ဂျွန့်အိမ်တွင် ချိတ်ထားသည့် အိမ်ငှားမည်ဟူသော စာတန်းအောက်မှ ဖုန်းနံပါတ်ကို ဆက်ကြည့်ဖို့ အတွေးပေါက်သွားသည်။
သူသည် ဖုန်းဆက်ကြည့်ပြီးသည့်နောက်တွင် မျှော်လင့်ချက်လေးတစ်စွန်းတစ်စ မြင်လာရလေသည်။ထိုဖုန်းနံပါတ်ပိုင်ရှင်မှာ အိမ်ရှင်ဆီသို့ တိုက်ရိုက်ရောက်သွားခဲ့ပြီး သူသည် နမ်ဂျွန်သွားနိုင်သည့် နေရာကို အရိပ်အမြွက် ပြောပြခဲ့၏။
"သူဘယ်မှတော့ သွားနိုင်ဦးမှာ မဟုတ်ဘူး။ဒီရာသီက ရထားလက်မှတ်၊လေယာဉ်လက်မှတ်တွေ ရနိုင်ဖို့မလွယ်ဘူးလေ။ဒီမြို့ထဲမှာပဲ ရှိဦးမှာပါ...........ဒါပေမယ့် သူခဏခဏသွားတတ်တဲ့ နေရာတစ်ခုတော့ သိထားတယ်။အဲ့ဒီမှာ သူ့အသိအကျွမ်းရှိမှာပဲ မင်းသူတို့ကို မေးကြည့်လို့ ရတာပေါ့"
သူသည် ကျေးဇူးတင်လွန်းသဖြင့် ထိုလူကို ထိုင်တောင် ရှိခိုးချင်သွား၏။
"ဟုတ်ကဲ့......လိပ်စာလေး တစ်ဆိတ်လောက် ပေးလို့ ရမလားဗျ"
"ကင်းဒရစ်ဆေးရုံတဲ့ မြို့ထဲမှာပဲ"
ဆော့ဂျင်မျက်နှာပေါ်မှ အပျော်လုံးဆို့နေသော အပြုံးသည် ရုတ်တရက်ကြီး ခဲသွားရ၏။
ဆေးရုံ.........
ဂျွန်က ဘာလို့ ဆေးရုံသွားရမှာလဲ။
________________Heart of My Present
"အပြင်ထွက်မယ့်အစား ကျွန်တော်တို့ အိမ်မှာပဲ ဆွဲလို့ရသားနဲ့"
YOU ARE READING
Heart of my Present(Eden Contest)
Fanfictionသန်းခေါင်ယံအချိန်ရဲ့ နှင်းတွေကြားထဲ လမ်းပျောက်နေတဲ့ ကိုယ့်ကလေးငယ်....ကိုယ်မင်းအတွက် ဆန်တာဆီက လက်ဆောင်ယူခဲ့တယ်။ "မျှော်လင့်ချက်"ဆိုတဲ့ မီးစာလေးတစ်စပေါ့ ထာဝရအတွက်လေ။ Cover by Jaejoong Htike