The Perfect Christmas You showed me

227 47 1
                                    

နောက်တစ်နေ့တွင်တော့ ဆော့ဂျင်သည် အိပ်ရာမှ စောစောထပြီး ဟင်းချက်အဒေါ်ကြီးကို ပေါ့ပေါ့ပါးပါးနှင့် စားကောင်းမည့် ကွတ်ကီးမုန့်အနည်းငယ် လုပ်ခိုင်းခဲ့သည်။နမ်ဂျွန်သည် နေ့လယ်စာချိန် ကွတ်တိတွင် မုန့်တစ်ချို့နှင့် ရောက်ချလာခဲ့ပြီး ဆော့ဂျင် ထမင်းမစားရသေးကြောင်း သိသောအခါ အပြင်ဆိုင်တစ်ဆိုင်တွင် စားဖို့ လုပ်လိုက်၏။သူတို့နှစ်ယောက်သည် နမ်ဂျွန့်ကားနှင့်ပင် အိမ်ကနေ ထွက်လာခဲ့ပြီး နမ်ဂျွန် ညွှန်းသည့် ဆိုင်လေးသို့ ဦးတည်ခဲ့ကြသည်။

ကားထဲတွင်လည်း သူက စကားတစ်ခွန်းပြောစရာမလိုဘဲ နမ်ဂျွန်ကသာ ဦးဆောင်၍ သူမမြင်ရသည့် အပြင်လောကကို ပုံဖော်ပြနေလေသည်။

“ဒီနေ့ထူးထူးဆန်းဆန်း နေက လိမ္မော်ရောင်သန်းရုံလေး ခပ်ပါးပါး လင်းနေတယ်။ဒါပေမယ့် နှင်းတွေလည်း ခပ်ဖွဲဖွဲ ကျနေတုန်းပဲ။ကောင်းကင်ကလည်း ပြာမနေဘူး။လှတာတော့ သူ့ဟာနဲ့သူ လှနေပါတယ်လေ”

နမ်ဂျွန့်စကားများသည် အနည်းငယ် ပြတ်တောင်းတောင်း နိုင်ပြီး သူ့အသံဩဩသည် ကားဘေးမှ တရိပ်ရိပ်လေတိုးသည့်အသံကို မလွှမ်းနိုင်သောကြောင့် ဆော့ဂျင်သည် ပြတင်းပေါက်ဘက်ကို မှီထားရာမှ ထလိုက်ပြီး နမ်ဂျွန့်ကိုသာ နားစိုက်ထောင်လိုက်သည်။

“အပြင်မှာ အရင်နေ့ကထက် အရမ်းအေးနေတယ်။ဆော့ဂျင်......မာဖလာပါရဲ့လား။ကျွန်တော် အပိုတစ်ထည်တော့ ယူလာတယ်”

သူသည် နမ်ဂျွန့်ကို လောကွတ်ချော်လှသည်ဟု ထင်မိလာသည်။တစ်ဖက်မှာလည်း အနည်းငယ် မသက်မသာတောင် ဖြစ်လာသလိုပင်။

“ခင်ဗျားက လူတိုင်းကို အဲ့လိုပဲ ဂရုစိုက်တာပဲလား”

သူ၏ ဘောက်ဆတ်ဆတ် အပြောတွင် နမ်ဂျွန်သည် သဘောကျသယောင် ခပ်ဟဟ ရယ်မောလိုက်သည်။

“ပြီးတော့ ကျွန်တော့်ကို အပြင်မှာ ဘာတွေ ရှိတယ်ဆိုတဲ့အကြောင်း သိပ်မပြောပါနဲ့။နားမထောင်ချင်ဘူး”

နမ်ဂျွန်သည် ခဏလောက် တိတ်ဆိတ်သွားပြီးမှ တည်ကြည်သော အသံနှင့် ပြောလာသည်။

“ကောင်းပါပြီ”

နမ်ဂျွန့်ဆီမှ အသံထပ်ထွက်မလာတာ သေချာတော့ သူသည် ကားနောက်မှီကို သက်သက်သာသာ မှီချလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။သူ့နှာခေါင်းဝတွင် တောထင်းရှူးနံ့ခပ်သင်းသင်းက ပျံ့လွင့်လျက်။

Heart of my Present(Eden Contest)Where stories live. Discover now