Unicode
ဒီနေ့ ကျွန်တော်ဘ၀မှာ
ပထမဦးဆုံးသောအဆောင်နေမဲ့နေ့။
ကျန်းမာရေးကြောင့်
လူတွေနဲ့ဝေးကွာနေခဲ့တဲ့ကျွန်တော်ဟာ
ပထမဆုံးအခန်းဖော်ကိုတော့
အများကြီးမျှော်လင့်ထားတယ်။
အခန်းကိုလိုက်ပြတဲ့အဆောင်မှူးက
တစ်ခွန်းပဲမှာသွားတယ်။"မနေနိုင်တော့ရင်အခန်းလာလဲချေ"။
အဆောင်မှူးပြောမှ ကျွန်တော်
အရမ်းစိတ်လှုပ်ရှားသွားမိတယ်။
တွေးလိုက်မိတာက
အခန်းဖော်ကအတော်ထူးခြားတဲ့သူပဲဖြစ်ရမယ်ပေါ့။
နမော်နမဲ့ကျွန်တော်ဟာ
အခန်းထဲကို၀င်၀င်ချင်းမှာပဲ
အသုံးပြုပြီးသားကွန်ဒုံးတစ်ခုကို
တက်နင်းမိလို့ချော်လဲသွားတယ်။"နာလိုက်တာ ဒါနဲ့ကွန်ဒုံးကဘာလို့
ဒီရောက်နေတာလဲ"အတွေးမဆုံးခင်အခန်းထဲကနေ
ပြာယီးပြာယာနဲ့ထွက်လာတဲ့
ကောင်လေးကြောင့်
ကျွန်တော်အတော်လေး
အံ့အားသင့်သွားမိတယ်။
အ၀တ်အစားကပိုကရိုနဲ့ဗျာ။
ဆံပင်တွေကလဲရှုပ်ပွလို့။
ကိုယ်ပေါ်မှာ
အနီအကွက်အကွက်တွေအပြည့်နဲ့။
တုံးအတဲ့ကျွန်တော်ဟာ
ကွန်ဒုံးဆိုတာဘာမှန်းတော့သိပေမဲ့
အနီအကွက်အကွက်တွေရဲ့
အကြောင်းကိုတော့တကယ်
နားမလည်ခဲ့တာဗျ။
ခြေထောက်နာနေပေမဲ့
ထော့နင်းထော့နင်းနဲ့
မတ်တပ်ထရပ်လိုက်တယ်။
နောက်ထပ်အခန်းထဲကနေ
ထွက်လာတဲ့လူကတော့
ကျွန်တော့်အခန်းဖော်ဖြစ်မယ်ထင်လို့
နှုတ်ဆက်ဖို့ပြင်နေတုံး
ကွက်ကြည့်ကွက်ကြည့်နဲ့
ထွက်သွားပြန်တယ်။
အခန်း၀ကကျွန်တော့်မှာတော့
သူတို့၀င်ထွက်တာကိုအထုတ်ဆွဲပြီး
ရပ်ကြည့်နေရတယ်ဗျာ။
စိတ်တိုတိုနဲ့အခန်းထဲ၀င်မယ်အလုပ်မှာ
လူတစ်ယောက်နဲ့ထပ်တိုက်မိပြန်ရော။
အဲ့ဒီလူမျက်နှာကိုစိုက်ကြည့်ရင်း
"ဒီလူကသောက်ရမ်းချောလွန်းတယ်ဟ"
ပြီးပြည့်စုံလွန်းတဲ့လူတစ်ယောက်.
ဆံပင်ဂုတ်ထောက်အပေါ်ပိုင်းဗလာကျင်းနဲ့ကျွန်တော့်ကို
ပြန်စိုက်ကြည့်နေတဲ့ဒီလူက
ကျွန်တော်ဖြစ်ချင်တဲ့ပုံစံမျိုးနဲ့ကွက်တိ။
အပြုံးတစ်ချက်နဲ့
အရင်လက်ကမ်းနှုတ်ဆက်လာတဲ့
ဒီလူက ကျွန်တော့်ရဲ့အခန်းဖော်ပါတဲ့။
ဒီလူကအ၀တ်အစားခပ်နွမ်းနွမ်းနဲ့
ပိန်လှီဖြူဖျော့နေတဲ့ကျွန်တော့်ကို
အသေအချာကိုလေ့လာနေတာ။
သူ့မျက်လုံးတွေက
ကျွန်တော့်တစ်ကိုယ်လုံးပေါ်မှာ
အစုန်အဆန်ဝေ့ဝဲနေတယ်။
အခန်းဖော်ရဲ့လက်ကိုကိုင်ပြီး
နှုတ်ဆက်လိုက်တော့သူက
ကျွန်တော့်လက်ကိုဆောင့်ဆွဲလိုက်တယ်။
နှစ်ယောက်သားပူးကပ်နေတဲ့အချိန်မှာ
သူနားအနားကိုကပ်ပြောတယ်။
YOU ARE READING
ကျွန်တော့်အခန်းဖော်ကဂေးနေတယ်
Romanceနာမည်လေးအတိုင်းပါပဲ။ ခပ်တိုတိုDiaryတစ်ပုဒ်လို့တောင် ဆိုနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးရယ်မောကြတာပေါ့။ ဒါလေးကိုဖတ်ပြီးဘ၀အမောတွေကို ခေတ္တဖြေဖျောက်နိုင်ခဲ့တယ်ဆိုရင် ရေးရကျိုးနပ်ပါပြီရှင်။ ကဲ. ဇာတ်လမ်းလေးကို အတူဖတ်ကြည့်ကြတော့မလား? Both zawgyi and unicode here