Episode 1

38 8 0
                                    

"ဂျယ်ရေ"

"ဟာ ကိုကိုထယ်ယောင်း ပြန်လာပီလား"

"အွန်း ဂျယ့်ဖို့မုန့်‌ဝယ်လာတယ် ဒါနဲ့ ဟို..."

"ကိုကြီးက အပြင်သွားတယ် ကိုကိုရဲ့"

"အော် ဘယ်သွားတာတဲ့လဲ"

"ဂျယ်လဲ သေချာမသိဖူး ကောင်မလေးတယောက်ဖုန်းဆက်ခေါ်လို့ သွားတာပဲမြင်လိုက်တာ အဲ့ကောင်မလေးကရုံးပတီသီး အရည်ညှပ်ပီး တီကောင်ကိုဆားပက်ထားတဲ့အတိုင်းပဲ ဖုန်း‌ေပြာတာကိုက လက်လက်ထ ရွရွတက်ပဲ ရွံလို့ဆက်နားမထောင်တော့ ဘယ်သွားမလဲမသိလိုက်ဖူး ဟီး ကိုကိုကမှ ချစ်စရာကောင်းသေးတယ်"

"အမယ် သူ့ဖို့မုန့်ဝယ်လာတော့ မျက်နှာချိုးသွေးပီ"

"ဟွန့် ဂျယ်မင်က မျက်နှာချိုသွေးတာမဟုက်ပါဖူးနော် ကိုကိုကတကယ်ချစ်စရာလေးမို့ချစ်စရာလေးလို့ပြောတာကို"

"‌ဟုက်ပါပီ ဂျယ်မင်ပုစိရယ် လာ‌တော့ ဝင်ကြစို့ အပြင်မာအေးတယ်"

"အွန်း ဒါနဲ့ကိုကို ကိုကြီးနောက်လိုက်မသွားဖူးလား"

"Arnyi လိုက်မသွားတော့ဖူး မိုးချုပ်နေပီ သူ့ဘာသူအချိန်တန်ပြန်လာလိမ့်မယ်"

"အင်းပါ အဲ့လိုဆိုလဲ ပီးတာပါပဲ တော်ကြာကိုကို စိတ်ထဲ တနုံ့နုံဖြစ်ပီး အိပ်မရမာစိုးလို့"

"ဟုက်ပါပီ အမတော်လေးရယ် စိတ်ပူပေးတာကျေးဇူးတင်ပါတယ်"

"ဂျယ်မင့်ကိုမပြောင်နဲ့နော် ဂျယ်မင်လေးက စေတနာနဲ့ ပြောတာကို"

ဂျောင်ကုကြောင့်စိတ်ညစ်နေသောထယ်ယောင်းမှာ ဂျယ်မင်ပြောလိုက်သောစကားကြောင့် ကြက်ပျောက်ငှက်ပျောက်ဖြစ်ရတော့သည်။ ပြောလိုက်တာက

"မုန့်က ဂျယ်တယောက်ထဲ အကုန်စားရမာမို့လား"တဲ့လေ....

________ᴛʀᴜsᴛ ᴍᴇ_______

ည12:30

"ကိုကို ကိုကြီးကပြန်မလာတော့ဖူးလား"

"လာမှာပါ ဂျယ်ရဲ့"

"ကိုကြီးနဲ့ ဟိုမိန်းမနဲ့က ဘာတွေလဲဟင်"

"အသိနေမာပေါ့ ဂျယ်ရဲ့"

"မဟုက်ဖူးကိုကိုရဲ့ ကိုကြီးကို အဲ့ရုံးပတီသီးမက ဂျွန်လို့ခေါ်တာ ကြားလိုက်တယ်"

ǝɯ ʇsnɹ⊥Where stories live. Discover now