"Introduction"(A/N)

76 10 5
                                    

"မင်းအပေါ်မှာသစ္စာရှိချင်ပါတယ် ဒါပေမဲ့ဘယ်လိုလုပ်မလဲ မင်းကိုနာကျင်အောင်လုပ်ဖို့ ငါကမိန်းမတွေနဲ့ ပလူးအုံးမှာပဲ"

"ဘာ! ᴊᴇᴏɴ ᴊᴜɴɢᴋᴏᴏᴋ! အေး မင်းမှတ်ထားရမှာတခုက မင်းဘယ်လိုပဲလုပ်လုပ် ငါကမင်းကိုတွယ်ကပ်ထားအုံးမှာ"

"စိန်လိုက်လေ မင်းပဲတွယ်ကပ်နိုင်မလား ငါပဲခွာချနိုင်မလား"

"မင်း....မင်းကွာ ဘာလို့လဲ.....အားးးးး....."

ဖန်ခွက်ကျကွဲသံတွေကြောင့် ကိုကိုတို့နှယောက် အကြီးအကျယ်ရန်ဖြစ်နေပီဆိုတာ JaeMinသိလိုက်ပြီ။ကိုကိုတို့ ယူပီးကထဲက JaeMinက ကိုကိုတို့နဲ့လိုက်နေခဲ့သည်။ကလေးမယူပဲ ထယ်ယောင်းညမJaeMinကိုသာ ညမ‌လိုရော မိဘလိုပါ လိုလေသေးမရှိထားပေးခဲ့သည်။ဒါပေမဲ့ JaeMinမပျော်နိုင်ပါ။ကိုကိုတို့ရန်ဖြစ်ရင် JaeMinငိုချင်သည်။ကိုကိုတို့အဆင်ပြေတဲ့အခါဆိုတာခပ်ရှားရှား။JaeMinမှာလဲ အလယ်တန်းတတိယနှစ်ရောက်ပီမို့ ကိုကိုတို့ဘာလို့လက်ထပ်ထားလဲဆိုတာကိုသိသင့်သလောက်သိသည်။ကိုကိုတို့က ချစ်လို့လက်ထပ်ထားကြတာမဟုက်။ကိုကိုတို့ဆိုတာထက် ကိုကိုဂျောင်ကုလို့ပြောရ်ငမှန်မည်။ကိုကို‌ထယ်ယောင်းနဲ့ကိုကိုဂျောင်ကုက အရင်ကဆိုအရမ်းချစ်တဲ့သူငယ်ချင်း‌ေတွဆိုတာ ဂျယ်မင် အသိဆုံး။ ဒါပေမဲ့ ကိုကိုထယ်ယောင်းက ကိုကိုဂျောင်ကုကိုချစ်နေခဲ့သည်တဲ့လေ။ ဂျယ်မင်လဲကြားကြားချင်းတုန်းက အံ့ဩသွားခဲပေမဲ့ လက်ခံပေးနိုင်ခဲ့သည်။ကိုကိုဂျောင်ကုကတော့ လက်မခံနိုင်ခဲ့။ ယောင်္ကျားချင်းကြိုက်တာကိုရွံသည်တဲ့လေ။ ထိုအရာကိုသိသွားသည်မှစ၍  ကိုကိုဂျောင်ကုက ကိုကိုထယ်ယောင်းကို ရှောင်ဖယ်‌ေနခဲ့သည်။ သို့သော်မကြာပါ ဂျယ်မင့်ကို ကိုကိုဂျောင်ကုက ဆက်သွယ်လာသည်။ ဂျယ်မင့်ကို ကိုကိုဂျောင်ကုပြောတဲ့စကားကြောင့်‌ဂျယ်မင် တုန်လှုပ်ခဲ့ရသေးသည်။ ကိုကိုဂျောင်ကုက ဂျယ်မင့်ကိုသဘောကျနေခဲ့သည်တဲ့လေ။ ဂျယ်မင်တော်တော်လေးစိတ်ဓာတ်ကျခဲ့ရသည်။ ကိုကိုထယ်ယောင်းချစ်နေတဲ့လူက မိမိကိုသဘောကျသည်တဲ့လေ။ မေမေတို့ဆုံးပီးကထဲက ဖွားဖွားနဲ့ ကိုကိုထယ်ယောင်းက ဂျယ်မင့်အတွက်တော့ ကိုးကွယ်ရာ။ ကိုကိုဂျောင်ကုဆိုတာကလဲ ဂျယ်မင်ငယ်ငယ်ထဲက အကိုအရက်းတယောက်လိုခင်တွယ်ရတဲ့သူ။ ပြောရရင် ဂျယ်မင်သေလိုက်ချင်မိသည်။ အခြေနေကပိုဆိုးသွားတယ်ပဲပြောရမလား။ ကိုကိုထယ်ယောင်းက ကိုကိုဂျောင်ကုကို ငွေနဲ့ပေါက်ကာလက်ထပ်နိုင်ခဲ့သည်။ ဒါပေမဲ့ ကိုကိုထယ်ယောင်းပျော်နေတဲ့အချိန်ဆိုတာရှားသည်။ ကိုကိုဂျောင်ကုက အမြဲအပြင်မှာနေပီး မိန်းကလေးပေါင်းစုံနှင့် ရှုပ်ပွေနေတတ်သည်။ အစကတော့ဂျယ်မင် ကိုကိုဂျောင်ကုကိုရှောင်ခဲ့သည်။ ဒါပေမဲ့ကိုကိုထယ်ယောင်းက မရှောင်ဖို့ပြောလာခဲ့တယ်။ အကြောင်းပြချက်က သူဂျောင်ကုကိုယုံတယ်တဲ့လေ.......။


_________ǝɯ ʇsnɹ⊥_________

(A/N)

ဂျယ်မင်က ကျမပါ🌚

ǝɯ ʇsnɹ⊥Where stories live. Discover now