Gashina
.
.
.
JiSoo...အခန်းတံခါးဝမှာရပ်ရင်း အသံခပ်တိုးတိုးနှင့်
ခေါ်ကြည့်နေပေမဲ့ အခန်းတံခါးသည်ပွင့်မလာခဲ့။Jennie ရဲ့အသံလဲမကြားရတာကြောင့် အခန်းဝမှာပဲ ရပ်စောင့်နေလိုက်သည်။
"ဒီနေ့ည အခန်းထဲဝင်ရဖို့မသေချာတော့ "
ခနအကြာမှာတော့ ညောင်းလာတာကြောင့်
အခန်းဝမှာပဲ ငုတ်တုပ်လေးထိုင်နေလိုက်သည်။ထိုအချိန် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ အခန်းထဲကနေ
Jennie ရဲ့ Omma က ထွက်လာပြီး မီးဖွင့်လိုက်သည်။JiSoo...Omonie လန့်သွားမှာစိုးလို့
ချက်ချင်းကြီးမထပဲ ငုတ်တုပ်သာလျှင်ထိုင်နေလိုက်သည်။ထိုသို့ပြုလုပ်လိုက်ခြင်းက Omonnieကို
ပိုပြီးလန့်သွားစေခဲ့သည်။သူမက ရင်ဘတ်ကိုဖိရင်း အသံတောင်မထွက်နိုင်အောင် လန့်သွားတာကြောင့်
JiSoo...သူမနား အပြေးလေးသွားလိုက်သည်။
"O....Omo nieee....အဆင်ပြေရဲ့လား
Chaw....Jisoo...ပါ.....""Aigooo....နင်က ဘာလို့ ညကြီးအချိန်မတော်
အခန်းအပြင်မှာ ငုတ်တုပ်လာထိုင်နေရတာလဲ...
နင်တို့နှစ်ယောက် ရန်ဖြစ်ထားလို့လား...
Jennieက အခန်းထဲပေးမဝင်တာလား ....""Aww...အဲ့လိုဖြစ်သွားတယ်
Omonieကရော ညကြီး ဘာထလုပ်မလို့လဲ""ငါ...ငါလား....ဒီအတိုင်း ဗိုက်ဆာလို့..."
"ဘာစားချင်လဲ လုပ်ပေးမယ်လေ "
"ငါ့ကို အာရုံစိုက်မနေပါနဲ့ ...ကိုယ့်ဟာကို
အခန်းထဲဝင်တော့ ....""လာပါ ....တစ်ခုခုလုပ်ပေးမယ်
အရင်ဆုံးရေသောက်လိုက်ပါအုံး
လန့်သွားတယ်မလား "
YOU ARE READING
GASHINA (Completed )
Fanfiction"နင့်ကို အရမ်းချစ်မိသွားတဲ့ ငါ့ကိုငါလဲမုန်းတယ် " JenSoo in your area. JenSoo shipperလေးတွေသာ ဖတ်ရန်။ JenChuu in your area. ChaeLisa in your area.