Gashina
Jennie တစ်ယောက်မွန်းကျပ်စွာဖြင့်နိုးထလာခဲ့သည်။
နံရံပေါ်ကနာရီကိုကြည့်မိတော့
ညနေ ၄နာရီခွဲခန့် ရှိနေပြီဖြစ်၏။ခုနက ရေချိုးပြီးလို့နာရီကိုလှမ်းကြည့်မိချိန်က
၄နာရီထိုးပြီးကာစ....Jennie. ..ခုနကအခြေအနေကိုအာရုံစိုက်ကြည့်လိုက်တော့မှ
ရင်ထဲကအပူမီးတွေက နောက်တစ်ကြိမ်ပူလောင်ရန်
အသင့်ဖြစ်နေခဲ့သည်။"ငါ ခုနက သတိမေ့သွားတာလား
အငိုလွန်ပြီးတော့လေ....JiSoo. ...JiSoo. ..
သူ့ဆီသွားရမယ်...."ကြမ်းပြင်ပေါ်လဲနေရာကနေ ကုန်းရုန်းပြီးထနေခဲ့ပေမဲ့
အားအင်တွေက ချိနဲ့နေပြီး ဘယ်လိုမှ ထလို့မရနေခဲ့ပေ။Jennie ရဲ့ပါးပြင်ပေါ် မျက်ရည်တွေက
တလှိမ့်ပြီးတလှိမ့် မနားတမ်းခုန်ဆင်းလာနေတော့၏။+မိမိချစ်ရသူ လောကကြီးမှာ မရှိတော့ဘူးဆိုသည့်နာကျင်ရသည့် အသိက
ပြောပြချင်းငှာမစွမ်းသာပေ။ရင်ဘတ်တစ်ခုလုံး စုတ်ပျက်နာကျင်နေပြီး
အသက်ရှူလို့တောင်မဝပေ။ +
.
.
."ငါ သူမရှိရင် ဘယ်လိုများအသက်ရှင်ပြီးနေသွားရမှာလဲ"
"JiSoo ya....အဲ့ဒီအစား လွန်ခဲ့တဲ့တစ်ပါတ်ကတည်းက
ငါရှေ့ပေါ်မလာခဲ့ရမှာ....
ငါနဲ့ပြန်ဆက်လို့ နင်သေသွားရတာ....
ဒီလိုမှန်းသိရင် JiSoo ya.....
နင်က ငါ့ကို ရက်ရက်စက်စက် ထပ်ထားခဲ့တာပဲ..."Jennie တစ်ယောက် ခပ်တိုးတိုးနဲ့
သူ့ကိုရော ကိုယ့်ကိုကိုယ်ပါအပြစ်တင်ရင်း
ရှိုက်ကြီးတငင်ငိုနေလိုက်သည်။
.
.
.ထိုအချိန်....
အိမ်တံခါးကို တစ်စုံတစ်ယောက်က
password လာဖွင့်နေသည့်အသံကို ကြားလိုက်ရသည်။တီ တီ တီ.....
"Ommaလား...Omma ကဆေးရုံမှာလေ....
ဒီအိမ် pw ကိုသိတဲ့လူက Jennie ရယ် Omma ရယ်
ပြီးတော့.....Jennie ရဲ့အတွေးတောင်မဆုံးသေး
တံခါးဖွင့်ပြီး ဝင်လာသူက...."Jen....ကြမ်းပြင်ပေါ်မှာ ဘာထိုင်လုပ်နေတာလဲ "
YOU ARE READING
GASHINA (Completed )
Fanfiction"နင့်ကို အရမ်းချစ်မိသွားတဲ့ ငါ့ကိုငါလဲမုန်းတယ် " JenSoo in your area. JenSoo shipperလေးတွေသာ ဖတ်ရန်။ JenChuu in your area. ChaeLisa in your area.